close

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်

close

October 1, 2022

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆု နည်းပြတန်ဟတ်ဂ်နှင့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ရရှိ

ပရီးမီးယားလိဂ်ကပေးအပ်ချီးမြှင့်တဲ့ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးဆုတွေကို မန်ချက်စတာယူနိုက်တက် နည်းပြတန်ဟတ်ဂ်နဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်တို့ရရှိသွားပါတယ်။

မန်ယူအသင်းဟာ နောက်ဆုံး ၄ ပွဲဆက် တိုက်အနိုင်ရခဲ့ပြီး စက်တင်ဘာလအတွင်းကစားခဲ့တဲ့  လက်စတာ၊ အာဆင်နယ်အသင်းတွေနဲ့ ပွဲစဉ်မှာ ၂ ပွဲစလုံးအနိုင်ယူခဲ့တာပါ။

ဒီလိုရလဒ်ကောင်းမွန်မှုတွေကြောင့် နည်းပြတန်ဟတ်ဂ်က စပါးနည်းပြ ကွန်တီ၊ ဘုန်းမောက်ယာယီနည်းပြ ဂယ်ရီအိုနေးလ်တို့ကို ကျော်ဖြတ်ပြီး ဆုရယူနိုင်ခဲ့တာပါ။

တန်ဟတ်ဂ်ဟာ ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်းမှာ တစ်လတာအကောင်းဆုံးဆုရခဲ့တဲ့ နှစ်ယောက်မြောက် မန်ယူ နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာလည်း စက်တင်ဘာလအတွင်းကစားခဲ့တဲ့ ၂ ပွဲမှာ ၂ ဂိုးသွင်း၊ ၂ ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့တာကြောင့် တလတာအကောင်းဆုံးကစားသမားဆုရရှိခဲ့တာပါ။ မန်ယူအသင်းပရိသတ်တွေကရွေးချယ်တဲ့ တစ်လတာ အကောင်းဆုံးဆုကိုတော့ အဲရစ်ဆင်က ရရှိခဲ့ပါတယ်။

14 mins Ago

November 7, 2019

အဆင့် ၄ အတွင်းဝင်ရေး ဆက်လက်တိုက်ပွဲဝင်မည်ဟု မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ပြော

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်းဝင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောလိုက်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲကစားအပြီးမှာ ၃ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၀ အထိ ရောက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမဲ့ အဆင့် ၄ က ချဲလ်ဆီးအသင်းနဲ့ ၁၀ မှတ်အထိ ကွာဟနေတာပါ။ ဒါပေမဲ့ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ အဆင့် ၄ အတွင်းဝင်ဖို့ မဖြစ်နိုင်စရာ အကြောင်းမရှိဘဲ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နဲ့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ပြောပါတယ်။   တခြားအသင်းတွေရဲ့ရလဒ်ကို ထည့်စဉ်းစားနေစရာမလိုဘဲ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပြီး အကောင်းဆုံးကစားမယ်ဆိုရင် တိုးတက်လာမှာဖြစ်ကြောင်းလည်း ရက်ရှ်ဖို့ဒ်က ဆိုပါတယ်။ မန်ယူအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။  
3 years Ago
Up