close

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆု နည်းပြတန်ဟတ်ဂ်နှင့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ရရှိ

ပရီးမီးယားလိဂ်ကပေးအပ်ချီးမြှင့်တဲ့ စက်တင်ဘာလအတွက် တစ်လတာအကောင်းဆုံးဆုတွေကို မန်ချက်စတာယူနိုက်တက် နည်းပြတန်ဟတ်ဂ်နဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်တို့ရရှိသွားပါတယ်။

မန်ယူအသင်းဟာ နောက်ဆုံး ၄ ပွဲဆက် တိုက်အနိုင်ရခဲ့ပြီး စက်တင်ဘာလအတွင်းကစားခဲ့တဲ့  လက်စတာ၊ အာဆင်နယ်အသင်းတွေနဲ့ ပွဲစဉ်မှာ ၂ ပွဲစလုံးအနိုင်ယူခဲ့တာပါ။

ဒီလိုရလဒ်ကောင်းမွန်မှုတွေကြောင့် နည်းပြတန်ဟတ်ဂ်က စပါးနည်းပြ ကွန်တီ၊ ဘုန်းမောက်ယာယီနည်းပြ ဂယ်ရီအိုနေးလ်တို့ကို ကျော်ဖြတ်ပြီး ဆုရယူနိုင်ခဲ့တာပါ။

တန်ဟတ်ဂ်ဟာ ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်းမှာ တစ်လတာအကောင်းဆုံးဆုရခဲ့တဲ့ နှစ်ယောက်မြောက် မန်ယူ နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာလည်း စက်တင်ဘာလအတွင်းကစားခဲ့တဲ့ ၂ ပွဲမှာ ၂ ဂိုးသွင်း၊ ၂ ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့တာကြောင့် တလတာအကောင်းဆုံးကစားသမားဆုရရှိခဲ့တာပါ။ မန်ယူအသင်းပရိသတ်တွေကရွေးချယ်တဲ့ တစ်လတာ အကောင်းဆုံးဆုကိုတော့ အဲရစ်ဆင်က ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up