close

တိုက်စစ်မှူး ဟာလန်း

close

May 10, 2022

တိုက်စစ်မှူးဟာလန်း မန်စီးတီးသို့ပြောင်းမည့်သတင်း ဒေါ့မွန်အသင်းအတည်ပြု

တိုက်စစ်မှူးဟာလန်း မန်စီးတီးအသင်းဆီပြောင်းရွှေ့မယ့်သတင်းကို ဒေါ့မွန်အသင်းက အတည်ပြုလိုက်ပါတယ်။ 

ဟာလန်းဟာ မန်စီးတီးအသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပြီးနောက် ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘော တူညီခဲ့ပေမယ့် တရားဝင်သတင်းထုတ်ပြန်မှု မလုပ်ဆောင်သေးပါဘူး။ 

ဒါပေမဲ့  ဒေါ့မွန်အသင်းဘက်ကတော့ ဟာလန်းဟာ မန်စီးတီးဆီ ပြောင်းရွှေ့ဖို့အတွက် လုပ်ဆောင်နေတာကို SPORT1 မီဒီယာကို အတည်ပြုခဲ့ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေအတွက် မန်စီးတီးနဲ့ အပြီးသတ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

ဟာလန်းကိုယ်တိုင်ကလည်း လာမယ့် စနေနေ့မှာ ဟာသာဘာလင်နဲ့ ကစားမယ့် ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲစဉ်မှာ အသင်းပရိသတ်တွေကို နှုတ်ဆက်ခွင့်ရဖို့အတွက် မန်စီးတီးနဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံးထုတ်ပြန်ကြေညာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ 

မန်စီးတီး အသင်းဟာ အသက် ၂၁ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာလန်းအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းပေးချေရမှာဖြစ်ပြီး တပတ်လုပ်ခ ပေါင် ၃ သိန်း ၇ သောင်း ပေးချေသွားမှာပါ။ တရားဝင် သတင်းထုတ်ပြန်မှုကိုတော့ အခုတပတ်ပွဲစဉ်တွေမတိုင်ခင် ကြေညာသွားမယ်လို့ သိရပါတယ်။ 

2 mins Ago

April 11, 2020

နော်ဝေအသင်း အောင်မြင်မှုများ ရလာတော့မည်ဟု ဒေါ့မွန်တိုက်စစ်မှူးပြော

နော်ဝေဘောလုံးအသင်း အောင်မြင်မှုတွေ ရရှိမယ့်အချိန် ရောက်လာတော့မယ်လို့ တိုက်စစ်မှူး ဟာလန်းက ပြောပါတယ်။  နော်ဝေနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ ကလပ်အသင်းမှာ ခြေစွမ်းပြနေပြီး ဥရောပ ထိပ်တန်းတိုက်စစ်မှူးတဦးလည်း ဖြစ်လာခဲ့ပါတယ်။  နော်ဝေအသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၀၀ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အဓိကပြိုင်ပွဲတွေနဲ့ လွဲချော်နေတာ နှစ်၂၀ ရှိပြီဖြစ်ပါတယ်။  လက်ရှိအချိန်မှာတော့ အသင်းရဲ့လူစာရင်းမှာ အရည်အသွေးရှိတဲ့ လူငယ် ကစားသမားတွေနဲ့ ကစားသမားကောင်းတွေ ရှိနေတဲ့အတွက် အောင်မြင်မှုရမယ့်အချိန် ရောက်လာတော့မယ်လို့ ဟာလန်းက ပြောပါတယ်။  ပရီးမီးယားလိဂ်ကလပ် ရှက်ဖီးယူနိုက်တက်က ဆန်ဒါဘက်ချ်နဲ့ စကော့တလန်ကလပ် ဆဲလ်တစ်မှာ ခြေစွမ်းပြနေတဲ့ ခရစ္စတိုဖာတို့ကိုလည်း ဟာလန်းက ချီးကျူးခဲ့ပါတယ်။ နော်ဝေအသင်းမှာ ဆိုစီဒက်က အိုရီဂီ၊ ဘုန်းမောက်က ဂျိုရူအာကင်း၊ ဆမ်ဒိုးရီးယားက သော်စ်ဘီတို့လို ကစားသမားကောင်းတချို့လည်း ရှိပါတယ်။  နော်ဝေအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ ပလေးအော့ဖ်အဆင့်မှာ ဆားဘီးယားနဲ့ တွေ့ဆုံနေပြီး အနိုင်ရမယ်ဆိုရင်တော့ စကော့တန်နဲ့ အစ္စရေးပွဲက အနိုင်ရတဲ့ အသင်းနဲ့ နောက်ဆုံးအဆင့် ပလေးအော့ဖ်ကစားရမှာ ဖြစ်ပါတယ်။
2 years Ago
Up