close

တိုက်စစ်မှူး

close

March 23, 2023

အာဆင်နယ်ဆီ ပြောင်းရွှေ့ခဲ့ရမှု တိုက်စစ်မှူးထရော့ဆတ် ကျေနပ်အားရ

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာက ကြီးမြတ်တဲ့ အဆင့်တခုကို တက်လှမ်းနိုင်ခဲ့တာဖြစ်ကြောင်း တိုက်စစ်မှူးထရော့ဆတ်က ပြောပါတယ်။

ဘယ်လ်ဂျီယံအသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ချိန်မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီး ထရော့ဆတ်က ပြောခဲ့တာပါ။

သူဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၁ ဂိုးသွင်း ၆ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်မှာ ပွဲချိန်အများကြီး ကစားရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေ ရှိခဲ့တာက ပွဲထွက်ခွင့် ပိုရလာခဲ့ကြောင်း ထရော့ဆတ်က ပြောပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ ထူးချွန်တဲ့ကစားသမားတွေနဲ့ ခမ်းနားကြီးကျယ်တဲ့အသင်း ဖြစ်ပြီး အဲဒီအချက်က ကစားသမားသစ်တယောက်အတွက် အမြန်ဆုံးအံဝင်ဖို့ အကူအညီ ဖြစ်စေခဲ့ကြောင်းလည်း ပြောပါတယ်။

ဘယ်လ်ဂျီယံအသင်းမှာ အသင်းခေါင်းဆောင်သစ် ဒီဘရိုင်း ဖြစ်လာတာကို ထရော့ဆတ်က ဝမ်းသာစကားဆိုခဲ့ပြီး ဒီဘရိုင်းဟာ အသင်းအကြောင်း ကောင်းကောင်းသိသလို အတွေ့အကြုံအရလည်း အများကြီးရှိတဲ့သူဖြစ်ကြောင်း ထရော့ဆတ်က ချီးကျူးခဲ့ပါတယ်။

11 mins Ago

January 27, 2023

မန်ယူတွင် ဆက်ကစားနိုင်ရန် အရာအားလုံးပေးဆပ်ကစားမည်ဟု တိုက်စစ်မှူးသစ် ဝက်ဂ်ဟော့စ်ပြော

မန်ယူအသင်းမှာ ဆက်ကစားနိုင်ဖို့ အရာအားလုံးပေးဆပ်ကစားသွားမယ်လို့ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်က ပြောပါတယ်။

ဟော်လန်တိုက်စစ်မှူးဟာ ၆ လ အငှားစာချုပ်နဲ့ လာရောက် ကစားနေတာဖြစ်ပေမဲ့ နောက်ထပ်ရာသီအထိ မန်ယူအသင်းမှာဆက်ကစားဖို့ ဆန္ဒရှိနေတာပါ။

ဒါပေမဲ့ နောက်တစ်နှစ်ဆက်ကစားခွင့်ရမလားဆိုတာ ပြောရခက်ပြီး သူ့ရဲ့ခြေစွမ်းအပေါ်မှာ မူတည်နေလို့  ဝက်ဂ်ဟော့စ်က ပြောပါတယ်။

“အငှားစာချုပ်နဲ့ဆိုတော့ အခြေအနေက ဘယ်လိုဖြစ်လာမလဲမသိနိုင်သေးဘူးပေါ့။ ယူနိုက်တက် ထိပ်တန်းအသင်းကြီးဖြစ်တာကြောင့် ကျနော် အကောင်းဆုံးလုပ်နိုသမျှ အရာအားလုံးပေးဆပ် ကစားသွားချင်တယ်။ ကျနော်သာ စွမ်းဆောင်နိုင်ခဲ့ရင် ကောင်းမွန်တဲ့ရွေးချယ်စရာတခု ဖြစ်လာနိုင်တယ်”လို့ ဝက်ဂ်ဟော့စ်က ပြောပါတယ်။

ဝက်ဂ်ဟော့စ်ဟာ နော်တမ်ဟမ်ဖောရက်စ်နဲ့ လိဂ်ရှုံးထွက်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ  ယူနိုက်တက်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

2 months Ago
Up