မန်ယူတွင် ဆက်ကစားနိုင်ရန် အရာအားလုံးပေးဆပ်ကစားမည်ဟု တိုက်စစ်မှူးသစ် ဝက်ဂ်ဟော့စ်ပြော

မန်ယူအသင်းမှာ ဆက်ကစားနိုင်ဖို့ အရာအားလုံးပေးဆပ်ကစားသွားမယ်လို့ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်က ပြောပါတယ်။
ဟော်လန်တိုက်စစ်မှူးဟာ ၆ လ အငှားစာချုပ်နဲ့ လာရောက် ကစားနေတာဖြစ်ပေမဲ့ နောက်ထပ်ရာသီအထိ မန်ယူအသင်းမှာဆက်ကစားဖို့ ဆန္ဒရှိနေတာပါ။
ဒါပေမဲ့ နောက်တစ်နှစ်ဆက်ကစားခွင့်ရမလားဆိုတာ ပြောရခက်ပြီး သူ့ရဲ့ခြေစွမ်းအပေါ်မှာ မူတည်နေလို့ ဝက်ဂ်ဟော့စ်က ပြောပါတယ်။
“အငှားစာချုပ်နဲ့ဆိုတော့ အခြေအနေက ဘယ်လိုဖြစ်လာမလဲမသိနိုင်သေးဘူးပေါ့။ ယူနိုက်တက် ထိပ်တန်းအသင်းကြီးဖြစ်တာကြောင့် ကျနော် အကောင်းဆုံးလုပ်နိုသမျှ အရာအားလုံးပေးဆပ် ကစားသွားချင်တယ်။ ကျနော်သာ စွမ်းဆောင်နိုင်ခဲ့ရင် ကောင်းမွန်တဲ့ရွေးချယ်စရာတခု ဖြစ်လာနိုင်တယ်”လို့ ဝက်ဂ်ဟော့စ်က ပြောပါတယ်။
ဝက်ဂ်ဟော့စ်ဟာ နော်တမ်ဟမ်ဖောရက်စ်နဲ့ လိဂ်ရှုံးထွက်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ယူနိုက်တက်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။