close

တိုက်စစ်

close

September 4, 2022

ဗီလာနှင့်သရေကျသည့်ပွဲတွင် တိုက်စစ်ပိုင်းအချိတ်အဆက်မမိခဲ့သဖြင့် မန်စီးတီးနည်းပြအပြစ်တင်

အက်စတန်ဗီလာနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်ပိုင်းကစားပုံ အချိတ်အဆက် မမိခဲ့တာကို မန်စီးတီးနည်းပြဂွါဒီယိုလာက ပြစ်တင်သွားပါတယ်။

မန်စီးတီးအသင်းဟာ မနေ့ညကကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗီလာအသင်းကို ဟာလန်းရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၇၄ မိနစ်မှာ ချေပဂိုး ပြန်ပေးခဲ့ရတာပါ။

အဲဒီနောက်ပိုင်းမှာ အနိုင်ဂိုးအတွက် တိုက်စစ်တင်ကစားခဲ့ပေမယ့် အချိတ်အဆက်တွေ လွဲချော်နေခဲ့လို့ ဂိုးမရတော့ဘဲ တစ်ဂိုးစီသရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တာပါ။

ကစားသမားတွေအနေနဲ့ တိုက်စစ်ပိုင်းမှာ ဘောလုံးပေးပို့မှုတွေ တိကျခြင်းမရှိခဲ့ဘဲ ရိုးရိုးပေးပို့မှုတွေမှာတောင် လွဲချော်ခဲ့ကြောင်း၊ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ ရလာခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ကြောင်း နည်းပြဂွါဒီယိုလာက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ဒီပွဲသရေရလဒ်ကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပြီး ဒုတိယနေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့ပါတယ်။ 

5 mins Ago

January 17, 2022

တိုက်စစ်စတင်မည်ဟု ဇိုမီးတော်လှန်ရေးတပ်မတော် ZRA ကြေညာ

ချင်းပြည်နယ်အတွင်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် လိုအပ်သလို တိုက်စစ်ဖွင့်တော့မှာဖြစ်တယ်လို့  ဇိုမီးတပ်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) က  ကြေညာ လိုက်ပါတယ်။

ZRA( EC)  မှာ တပ်စိပ် ၅ စိတ်နဲ့ ZRA လက်အောက်ခံ Zomi National Volunteer တပ်စိတ် ၃ စိတ်တို့က ဦးဆောင် တိုက်ခိုက်သွားမယ်လို့  ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

တီးတိန်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက “အခုတလော တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်တော့ သူ့ကိုထောက်ခံတဲ့သူတွေရဲ့ ဖိအားများ လို့အခုလိုကြေညာလိုက်တာဖြစ်မယ်ထင်တယ်။ အယောင်ပြလောက်ပဲဖြစ်မှာပါ၊ သူက စစ်ကောင်စီကို တိုက်မလား၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုတိုက်မလား မရေးထားတော့ မပြောတတ်ဘူး၊ ပြည်သူဘက်ကိုမတိုက်ရင်တော့ အိမ်ပြန်လို့ရမှာမဟုတ်ဘူး”လို့ ဒေသခံ မီဒီယာတစ်ခုကိုဖြေကြားထားပါတယ်။

အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ်မှာ အခြေစိုက်တဲ့ ZRA တပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၂၄ရက်က တွန်းဇံ နယ်စပ်ကနေ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်စီးနင်းပြီး ဝင်ရောက်လာကြတယ်လို့လည်း သိရပါတယ်။ ZRA ဟာ အိန္ဒိယအစိုးရရဲ့ နယ်ခြားစောင့်တပ်ဖြစ်တာကြောင့် အိန္ဒိယအစိုးရက လက်နက် တပ်ဆင်ပေးထားတဲ့အဖွဲ့လည်းဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှ တီးတိန်မြို့နယ်နဲ့ အိန္ဒိယနပ်စပ်မှာ ZRAအဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး CNF CAN အဖွဲ့တွေကြားမှာ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ZRA( EC)  ဟာ ၂၀၂၁ ခုနှစ်က အိန္ဒိယ နိုင်ငံနဲ့ထိစပ်နေတဲ့ တီးတိန်၊ တွန်းဇံမြို့နယ်မှာ စခန်းချတဲ့ PDA , PDF-Zoland   နဲ့  CDF-Hualngo တပ်စခန်းကို နှစ်ကြိမ်တိုင်တိုင် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အခိုုတိုက်ခိုက်ခဲ့တာကြောင့် ZRA နဲ့ ကသည်း လက်နက်ကိုင်တပ်ဖွဲ့ကို PDF -Zoland နဲ့ PDF(Kalay)တို့ မဟာမိတ်တပ်ဖွဲ့က အရေးယူတော့မယ်လို့ စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

ZRA တပ်ဖွဲ့ ဟာ နယ်စပ်မှာ စခန်းချကာ သင်တန်းလေ့ကျင့်နေတဲ့ PDF -Zoland   စခန်းကို ဝင်ရောက်ပစ်ခတ်ပြီး Hualngo PDF ကလူတွေကို နှိပ်စက်ခဲ့တယ်လို့ PDFအဖွဲ့တွေက ဆိုထားပါတယ်။

ဇိုမီး တော်လှန်ရေးတပ်မတော် ZRA ကို ၁၉၉၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံမဏိပူ ပြည်နယ်မှာအခြေစိုက်ထားတာဖြစ်ပါတယ်။

8 months Ago
Up