ဗီလာနှင့်သရေကျသည့်ပွဲတွင် တိုက်စစ်ပိုင်းအချိတ်အဆက်မမိခဲ့သဖြင့် မန်စီးတီးနည်းပြအပြစ်တင်

အက်စတန်ဗီလာနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်ပိုင်းကစားပုံ အချိတ်အဆက် မမိခဲ့တာကို မန်စီးတီးနည်းပြဂွါဒီယိုလာက ပြစ်တင်သွားပါတယ်။
မန်စီးတီးအသင်းဟာ မနေ့ညကကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗီလာအသင်းကို ဟာလန်းရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၇၄ မိနစ်မှာ ချေပဂိုး ပြန်ပေးခဲ့ရတာပါ။
အဲဒီနောက်ပိုင်းမှာ အနိုင်ဂိုးအတွက် တိုက်စစ်တင်ကစားခဲ့ပေမယ့် အချိတ်အဆက်တွေ လွဲချော်နေခဲ့လို့ ဂိုးမရတော့ဘဲ တစ်ဂိုးစီသရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တာပါ။
ကစားသမားတွေအနေနဲ့ တိုက်စစ်ပိုင်းမှာ ဘောလုံးပေးပို့မှုတွေ တိကျခြင်းမရှိခဲ့ဘဲ ရိုးရိုးပေးပို့မှုတွေမှာတောင် လွဲချော်ခဲ့ကြောင်း၊ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ ရလာခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ကြောင်း နည်းပြဂွါဒီယိုလာက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ ဒီပွဲသရေရလဒ်ကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပြီး ဒုတိယနေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့ပါတယ်။