မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်၊ ဟို့ခီးရွာမှာ KNLA၊ KNDO ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဧပြီ ၁၄ ရက် ဒီနေ့မနက်က ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီ တပ်သား ၁ ယောက် သေဆုံးသွားပါတယ်။
KNLA တပ်ဖွဲ့ဝင်တဦးက “ စစ်ကောင်စီတပ်သားတဦး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ စတင်ပစ်ခတ်ချိန်မှာကျသွားတယ်။ ကျန်စစ်ကောင်စီတပ်သားတချို့က ဒဏ်ရာရရှိနိုင်တယ်။ စစ်ကောင်စီအဖွဲ့က နယ်မြေကျူးကျော်လာတယ်လေ။ ဟို့ခီးရွာအဝင်မှာ ကျနော်တို့ စောင့်ပစ်တယ် ။ စောင့်ပစ်တဲ့နေရာမှာ သူတို့နဲ့ ထိပ်တိုက်တွေ့တော့ ဦးအောင်ပစ်လိုက်တာပေါ့။ ပစ်တော့ အရှေ့ထွက်စစ်သားက မှောက်ချပြီးသေသွားတယ် အဲ့မှာ တိုက်ပွဲမိနစ်၂၀ ခန့်ပစ်ကြတယ်။”
မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်နဲ့ မယ်ဝါးခီးကျေးရွာကြားမှာ ဧပြီ ၁၃ ရက် ညပိုင်းတည်းက ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ ဒီကနေ့ထိ ဆက်လက်ဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်တွေက မေတ္တာလင်းမြိုင် နောက်တန်းစခန်းကနေ လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပစ်ခတ်ပေးနေတယ်လို့ စစ်မြေပြင်မှာရောက်ရှိနေတဲ့ ကေအန်ယူတာဝန်ရှိသူက ဆိုပါတယ်။
“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ လေကြောင်းတိုက်ခိုက်မှုကတော့ မလာသေးဘူး။ စစ်ကောင်စီတပ်တွေက အခု ဖလူးကြီးစာသင်ကျောင်းမှာ ခန့်မှန်းအင်အား ၁၀၀ ကျော်လောက်ရှိမယ်။ လေးကေ့ကော်ကို ထိုးစစ်ဆင်ဖို့အင်အားဖြည့်တင်းနေတယ်။”
ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ စစ်ကောင်စီတပ်တွေနဲ့ KNDO၊ KNLA ၊ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းရှိပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေက တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဘက်က တပ်ရင်းမှူးအပါအဝင် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တဲ့အပြင် အရှင်ဖမ်းဆီးရမိတာနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့တပ်တွေ အထိနာခဲ့တဲ့အပြင် နယ်မြေစိုးမိုးရေး ပြန်လည်ရယူနိုင်ဖို့အတွက် အခုလို စစ်အင်အားထပ်တိုးပြီး ထိုးစစ်နဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ မြေပြင်လက်နက်ကြီးပစ်ခတ်မှုတွေက ဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေက ပိုမိုပြင်းထန်နေတာလို့ ကေအန်ယူတာဝန်ရှိသူ တဦးကပြောပါတယ်။
အဆိုပါတိုက်ပွဲတွေကြောင့် လေးကေ့ကော်မြိုသစ်အပါအဝင် အနီးကျေးရွာ ၁၀ ရွာက ဒေသခံ ၄၀,၀၀၀ လောက် နေအိမ်စွန့်ခွာပြီး မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ်တလျှောက်မှာ စစ်ဘေးရှောင်ခိုလှုံနေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။
ရုရှားနဲ့ နယ်စပ်အရှည်အလျားဆုံးဖြစ်တဲ့ ယူကရိန်းအရှေ့မြောက်ဘက် ခါကိဗ်၊ ဆူမီ၊ ခါဆန် မြို့ကြီးတွေနဲ့ အနောက်တောင်ဘက် အိုဒေဆာ၊ အလယ်ပိုင်း ကိယိဗ်မြို့ကြီးတွေမှာ ကြီးမားတဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာပါ။
ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားတပ်တွေဟာ ဒုတိယအကြီးဆုံးမြို့မှာ ယူကရိန်းတပ်တွေနဲ့ ထိပ်တိုက်တိုးနေတာပါ။ ရုရှားတင့်ကားတချို့နဲ့ စစ်သားအလောင်းတွေကို လမ်းတွေပေါ်မှာ တွေ့ရပါတယ်။
မနေ့ ညနေပိုင်း ခါကိဗ်မြို့ ကောင်းကင်မှာ ပေါက်ပွဲမှုတွေကြောင့် ထွက်လာတဲ့ မီးခိုးလုံးတွေနဲ့ လင်းထိန်နေပါတယ်။
ရုရှားစစ်တပ်သုံး ကုန်ကားတွေမှာ အဖြူရောင် Z ဆိုတဲ့ စာလုံးကို ရေးပြီး ယူကရိန်းနယ်စပ်ဆီကို မောင်းသွားတာကို ခရိုင်းမီးယားဒေသမှာ တွေ့နေရတာပါ။
ရုရှားဟာ မနေ့က ယူကရိန်းကို ကြည်းကြောင်း၊ လေကြောင်းနဲ့ ပင်လယ်ရေကြောင်းကနေပါ စပြီး ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားရဲ့ မစ်ဇိုင်းဒုံးကျည်တွေဟာလည်း ယူကရိန်းမြို့တွေပေါ်ကို မိုးရွာသလို ကျဆင်းလာခဲ့လို့ ယူကရိန် ပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
ရုရှားစစ်တပ်ယာဉ်တန်းတွေဟာ သူ့နယ်စပ်တွေကနေ ယူကရိန်းအရှေ့ပိုင်းက ချာနီဟစ်ဗ်၊ ခါရ်ခစ်ဗ်နဲ့ လူဟန့်စ် ဒေသတွေထဲကို သွန်ဝင်လာနေပြီး တောင်ပိုင်းနယ်စပ်ကနေ ဩဒက်ဆာနဲ့ မာရိုင်ပူ မြို့တွေဆီကို ပင်လယ်ရေကြောင်းကနေ ဝင်လာနေတယ်လို့ ယူကရိန်း အစိုးရက ထုတ်ပြန် ထားပါတယ်။
ရုရှားက ဆက်တိုက်စစ်ပွဲတွေ တဆင့်ပြီးတဆင့် ဆင်နွှဲလာမယ်လို့ အနောက်နိုင်ငံတွေ အတည်ပြုထားပြီးကတည်းက ယူကရိန်းပြည်သူတွေဟာ မြို့တော်ကိယက်ဗ်ကနေ ခရီးဆောင်အိတ်တွေ နဲ့ ထွက်ခွာနေကြပါတယ်။
မြို့တော်ကိယက်ဗ်မှာ မနေ့မနက်အစောပိုင်းကတည်းက ဗုံးပေါက်ကွဲမှု စကြားရပြီး ဒေသခံတွေ အလုအယက် ထွက်ပြေးတာကြောင့် အဓိက ဟိုက်ဝေးလမ်းမတွေ ယာဉ်ကြောတွေ ပိတ်ဆို့ နေပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်တာဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း စစ်မျက်နှာသုံးခုကနေ ဥရောပကို အကြီးမားဆုံးစစ်ပွဲ ဆင်နွှဲတာပါ။