close

တိုင်လေမန်စ်

close

May 9, 2022

လက်စတာကွင်းလယ်လူ တိုင်လေမန်စ်ကို ခေါ်ယူနိုင်ရန် အာဆင်နယ် နီးစပ်

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီအတွက် လက်စတာကွင်းလယ်လူ တိုင်လေမန်စ်ကို ခေါ်ယူနိုင်ရန် အလွန်နီးစပ်တဲ့အခြေအနေ ပိုင်ဆိုင်နေပြီလို့ သိရပါတယ်။ 

ဗြိတိန်သတင်းစာ The Sun ရဲ့ ဖော်ပြချက်အရ အာဆင်နယ်နဲ့ တိုင်လေမန်စ်တို့ နှစ်ဦးနှစ်ဖက်စလုံးဟာ အပြောင်းအရွှေ့ဖြစ်လာမယ်လို့ ယုံကြည်နေကြကြောင်းဆိုပါတယ်။ 

အသက် ၂၅ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်လူ တိုင်လေမန်စ်အတွက် အာဆင်နယ်က ပေါင်သန်း ၄ဝ ပေးဖို့ အသင့်ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့်သေချာခဲ့မယ်ဆိုရင် ပိုပြီးအခြေအနေကောင်းလာနိုင်တယ်လို့ သိရပါတယ်။ 

တိုင်လေမန်စ်ဟာ လက်စတာအသင်းနဲ့ တနှစ်စာချုပ်သက်တမ်းသာကျန်ရှိတော့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်သာ ရရှိမယ်ဆိုရင် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့အသင့်ရှိနေပါတယ်။ 

အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံ လိဂ်ဝင်ခွင့်မရခဲ့ရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းက ကြားဝင်ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိတယ်လို့ သိရပါတယ်။ 

အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ အနိုင်ရခဲ့လို့ လက်ကျန် ၃ ပွဲအလိုမှာ အဆင့် ၅ နေရာက စပါးကို ၄ မှတ်ဖြတ်ထားနိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းနေပါတယ်။

7 mins Ago

February 13, 2022

လက်စတာအသင်း၏ သက်တမ်းတိုးကမ်းလှမ်းချက်ကို ကွင်းလယ်လူ တိုင်လေမန်စ် ပယ်ချ

လက်စတာ ကွင်းလယ်လူ တိုင်လေမန်စ်ဟာ အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ 

ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမား တိုင်လေမန်စ်ဟာ လက်စတာနဲ့ ၁၈ လစာချုပ် သက်တမ်းသာကျန်ရှိတော့ပြီး ထိပ်တန်းအသင်းတွေက ခေါ်ယူလိုနေတာပါ။ 

အသက် ၂၄ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ၂၀၁၉ ခုနှစ်က ပြင်သစ်ကလပ် မိုနာကိုကနေ ပေါင်သန်း ၄၀ နဲ့ လက်စတာအသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။ 

အသင်းနဲ့ ၂ နှစ်ခွဲကျော်ကာလအတွင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ 

အပြောင်းအရွှေ့သတင်းကျွမ်းကျင်သူ ဂျာနယ်လစ်ရိုမန်နိုရဲ့ ဖော်ပြချက်အရ တိုင်လေမန်းစ်ဟာ လက်စတာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ 

တိုင်လေမန်စ်ကိုခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေက စိတ်ဝင်စားနေသလို လီဗာပူး၊ အာဆင်နယ်နဲ့ မန်ယူအသင်းတွေကလည်း ခေါ်ယူလိုနေပါတယ်။

လက်စတာဘက်ကတော့ ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်း ၆၀ သတ် မှတ်ထားတယ်လို့ သိရပါတယ်။

3 months Ago
Up