close

တိုင်းမ်မဂ္ဂဇင်း

close

September 15, 2021

တိုင်းမ်မဂ္ဂဇင်း၏ ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် မြန်မာလူငယ် အမျိုးသမီး ၂ ဦး ပါဝင်

တိုင်းမ်မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက်ရွေးချယ်ထားတဲ့   ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာလူငယ် အမျိုးသမီး ၂ ယောက်ပါဝင်လာပါတယ်။

ရွေးချယ်ခံရသူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပြည်ထောင်စု ဒုတိယဝန်ကြီးဖြစ်သူ မအိသဥ္စာမောင်နဲ့ တက်ကြွလှုပ်ရှားသူ တယောက်ဖြစ်တဲ့ မအက်စတာဇီနောတို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်တပ်က မတရား အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ပထမဆုံး ဆန့်ကျင်ဆန္ဒပြတာကို ဦးဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရှမ်းနီတိုင်းရင်းသားလူငယ်တယောက်ဖြစ်တဲ့ မအိသဥ္စာမောင်ဟာ ကျောင်းသားလှုပ်ရှားမှုတွေမှာ ဆက်တိုက်ပါဝင်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူငယ်ခေါင်းဆောင်တယောက်ဖြစ်သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိင်ခဲ့ သူ ပါတယ်။

ကချင်တိုင်းရင်းသား လူငယ်တယောက်ဖြစ်တဲ့ မအက်စတာဇီနောကတော့ စစ်ရှောင်လူငယ်တွေအတွက် စာကြည့်တိုက်တွေ လိုက်လုပ်ပေးတဲ့ လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှာလည်း ပါဝင်ပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အိုင်စီဂျေမှာ မြန်မာနိုင်ငံတရားစွဲခံရချိန် လူထောင်ပေါင်းများစွာ ရန်ကုန် မဟာဗန္ဓုလ ပန်းခြံရှေ့မှာစုရုံးပြီးကန့်ကွက်ဆန္ဒပြကြတုန်းက သူတို့နှစ်ယောက်ဦးဆောင်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။

PhotoCredit-TIME

3 mins Ago

December 11, 2020

တိုင်းမ်မဂ္ဂဇင်း၏ တနှစ်တာ အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် ဂျိုးဘိုင်ဒင်နှင့် ခါမလာဟဲရစ်စ်တို့ ရွေးချယ် ခံရ

နာမည်ကြီး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ တိုင်းမ်မဂ္ဂဇင်းက ၂၀၂၀ ပြည့်နှစ်အတွက် တ နှစ်တာ အထင်ရှားဆုံးပုဂ္ဂိုလ်-Person of the Year 2020 အဖြစ် အမေရိကန် ရွေးကောက်ခံ သမ္မ‌တ ဂျိုးဘိုင်ဒင်နဲ့ အမျိုးသမီးဒုသမ္မတ ခါမလာဟဲရစ်စ်တို့ကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။ ကမ္ဘာတဝန်း ကောင်းတဲ့ဘက်ကရော၊ မကောင်းတဲ့ဘက်မှာပါ လူမှုဘဝတွေ၊ သ တင်းစာမျက်နှာတွေအပေါ် လွှမ်းမိုးနိုင်တဲ့ လူပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို ၁၉၂၇ ခုနှစ်ကတည်းက နှစ်စဉ်ရွေးချယ်ဖော်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ မဂ္ဂဇင်းသမိုင်းမှာ အသက်အငယ်ဆုံးပုဂ္ဂိုလ်အနေနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ အသက် ၁၇ နှစ်အရွယ် ဆွီဒင်ဆယ်ကျော်သက် ကျောင်းသူလေး ဂရီတာ သန်းဘတ်ကို ရွေးချယ်ဖော်ပြခဲ့တာပါ။ အခုနှစ်ရဲ့ ဆန်ကာတင်စာရင်းထဲမှာတော့ ထူးခြားတိုက်ဆိုင်စွာပဲ သိပ်မကြာခင် ကမှ အမေရိကန်သမ္မတသစ်အနေနဲ့ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဂျိုးဘိုင်ဒင်နဲ့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်တို့ ပါဝင်နေခဲ့တာပါ။ သူတို့နဲ့အတူ နောက်ထပ်ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာကတော့ ကိုဗစ်ကပ် ဘေးမှာ ရှေ့တန်းက တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ ဒေါက်တာ အန် သနီ ဖောက်ချီ၊ လူဖြူ အမေရိကန်ရဲကြောင့် လူမည်းအမျိုးသား ဂျော့ချ် ဖလွိုက်ဒ် သေဆုံး ခဲ့ရမှုအပေါ် လူမျိုးရေးတရားမျှတမှုအတွက်လှုပ်ရှားမှုတရပ်ဖြစ်တဲ့ Movement for Racial Justice တို့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အခုနှစ်ရဲ့ တနှစ်တာအထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် ဂျိုးဘိုင်ဒင်နဲ့ ကမ်မလာဟဲရစ်စ်တို့ကို ရွေးချယ်လိုက်ပြီဖြစ်ကာ သူတို့ ၂ ဦးအနိုင်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာ မှတ်တိုင်တခုဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဂျိုးဘိုင်ဒင်ဟာ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ယှဉ်ပြိုင်ရာမှာ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ မဲ ၂၇၀ ရရှိ ကျော်လွန်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတ အဖြစ်ရွေးကောက်ခံခဲ့ရတာ ဖြစ်ကာ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ စတင်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ခါမလာဟဲရစ်စ်ကတော့ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒုတိယ သမ္မတ၊ ပထမဆုံး လူမည်း ဒုတိယသမ္မတ၊ ပထမဆုံး အိန္ဒိယနွယ်ဖွား ဒုတိယသမ္မတ ဆိုတဲ့ ပထမဆုံးတွေအဖြစ်နဲ့ ရွေးချယ်ခံရသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက တနှစ်တာအထင်ရှားဆုံးပုဂ္ဂိုလ်အနေနဲ့ ရွေးချယ်မှုမှာ တော့ မြန်မာသတင်းသမား ၂ ယောက်ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က တခြားကမ္ဘာ့ သတင်းသမားတွေနဲ့အတူ ရွေးချယ်ခံခဲ့ကြရပါတယ်။ သတင်းမီဒီယာ အလုပ်လုပ်ရင်း ထောင်ထဲ ရောက်သွားခဲ့ကြတဲ့ သတင်းထောက် တွေ၊ အသက်ကိုတောင် ပေးဆပ်လိုက်ရတဲ့ သတင်းထောက်တွေကို ပြီးခဲ့တဲ့နှစ်က ရွေးချယ်ခဲ့တာဖြစ်ပြီး တူရကီက ဆော်ဒီအာရေဗျသံရုံးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျမားဟာရှော့ဂျီ၊ ဖိလစ်ပိုင်က အမျိုးသမီးသတင်းထောက် မာရီယာရက်ဆာနဲ့ Capital Gazette of Annapolis သတင်း ဌာနတွေနဲ့အတူ အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေးသားခဲ့လို့ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
9 months Ago

တိုင်းမ်မဂ္ဂဇင်းကရွေးချယ်သည့် တနှစ်တာ အထင်ရှားဆုံးပုဂ္ဂိုလ် ဘယ်သူဖြစ်လာမလဲ

နာမည်ကြီး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ တိုင်းမ်မဂ္ဂဇင်းက ၂၀၂၀ ပြည့်နှစ်အတွက် တနှစ်တာ အထင်ရှားဆုံးပုဂ္ဂိုလ်-Person of the Year 2020 အဖြစ် ရွေးချယ်မယ့် ဆန်ကာတင် ၄ ဦးစာရင်းကို ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်း ကောင်းတဲ့ဘက်ကရော၊ မကောင်းတဲ့ဘက်မှာပါ လူမှုဘဝတွေ၊ သ တင်းစာမျက်နှာတွေအပေါ် လွှမ်းမိုးနိုင်တဲ့ လူပုဂ္ဂိုလ်၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို ၁၉၂၇ ခုနှစ်ကတည်းက နှစ်စဉ်ရွေးချယ်ဖော်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ မဂ္ဂဇင်းသမိုင်းမှာ အသက်အငယ်ဆုံးပုဂ္ဂိုလ်အနေနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ တက် ကြွလှုပ်ရှားသူ အသက် ၁၇ နှစ်အရွယ် ဆွီဒင်ဆယ်ကျော်သက် ကျောင်းသူလေး ဂရီတာ သန်းဘတ်ကို ရွေးချယ်ဖော်ပြခဲ့တာပါ။ အခုနှစ်ရဲ့ ဆန်ကာတင်စာရင်းထဲမှာတော့ ထူးခြားတိုက်ဆိုင်စွာပဲ သိပ်မကြာခင် ကမှ အမေရိကန်သမ္မတသစ်အနေနဲ့ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဂျိုးဘိုင်ဒင်နဲ့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်တို့ ပါဝင်နေခဲ့တာပါ။ သူတို့နဲ့အတူ နောက်ထပ်ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာကတော့ ကိုဗစ်ကပ် ဘေးမှာ ရှေ့တန်းက တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ ဒေါက်တာ အန် သနီ ဖောက်ချီ၊ လူဖြူ အမေရိကန်ရဲကြောင့် လူမည်းအမျိုးသား ဂျော့ချ် ဖလွိုက်ဒ် သေဆုံး ခဲ့ရမှုအပေါ် လူမျိုးရေးတရားမျှတမှုအတွက်လှုပ်ရှားမှုတရပ်ဖြစ်တဲ့ Movement for Racial Justice တို့ပဲ ဖြစ်ပါတယ်။ သူတို့ထဲက အခုနှစ်ရဲ့ တနှစ်တာအထင်ရှားဆုံးပုဂ္ဂိုလ် ဘယ်သူဖြစ်လာမလဲ ဆို တာကိုတော့ မကြာခင်မှာ သိကြရတော့မှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက တနှစ်တာအထင်ရှားဆုံးပုဂ္ဂိုလ်အနေနဲ့ ရွေးချယ်မှုမှာ တော့ မြန်မာသတင်းသမား ၂ ယောက်ဖြစ်ကြတဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့က တခြားကမ္ဘာ့ သတင်းသမားတွေနဲ့အတူ ရွေးချယ်ခံခဲ့ကြရတာ ဖြစ်ပါတယ်။ သတင်းမီဒီယာ အလုပ်လုပ်ရင်း ထောင်ထဲ ရောက်သွားခဲ့ကြတဲ့ သတင်းထောက်တွေ၊ အသက်ကိုတောင် ပေးဆပ်လိုက်ရတဲ့ သတင်းထောက်တွေကို ရွေးချယ်ခဲ့တာဖြစ်ပြီး တူရကီက ဆော်ဒီအာရေဗျသံရုံးမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျမားဟာရှော့ဂျီ၊ ဖိလစ်ပိုင်က အမျိုးသမီးသတင်းထောက် မာရီယာ ရက်ဆာနဲ့ Capital Gazette of Annapolis သတင်း ဌာနတွေနဲ့အတူ အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေးသားခဲ့လို့ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦးတို့လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
9 months Ago
Up