close

တိုနေး

close

March 1, 2023

လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုဖြင့် တိုက်စစ်မှူးတိုနေး ကာလရှည် ပွဲပယ်ခံရနိုင်

ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ဝန်ခံခဲ့တာကြောင့် ကာလရှည် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖို့ ရှိပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ အက်ဖ်အေက ချမှတ်ထားတဲ့ လောင်းကစားစည်းမျဉ်း ၂၆၂ ချက်အထိ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးခဲ့တာပါ။

လက်ရှိအချိန်မှာတော့ တိုနေးကိုယ်တိုင်က လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်မိကြောင်း ဝန်ခံခဲ့တာပါ။

အိုင်ဗန်တိုနေးဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း စကမ်သော်ပီ၊ ဝီဂန်၊ ပီတာဘရော့ အသင်းတွေမှာလည်း ကစားခဲ့ပြီး အဲဒီအချိန်ကတည်းက အက်ဖ်အေက ချမှတ်ထားတဲ့ လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက အင်္ဂလန်ကွင်းလယ်လူဟောင်း ဂျိုယေးဘာတန်ဟာလည်း လောင်းကစားစည်းမျဉ်းတွေ ကျူးလွန်ခဲ့လို့ ၁၈ လ ပွဲပယ်ချမှတ်ခံရဖူးပြီး အယူခံဝင်ပြီးနောက် ၅ လပဲ ချမှတ်ခဲ့တာပါ။

တိုနေးအနေနဲ့လည်း ရာသီကုန်ဆုံးချိန်အထိ ပြန်လည်ကစားခွင့် မရှိနိုင်တော့တဲ့အထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

3 mins Ago

November 17, 2022

ဘရိုက်တန်တိုက်စစ်မှူး တိုနေးကို တရားမဝင်လောင်းကစားလုပ်မှုဖြင့် စွဲချက်တင်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ဟာ ဘရိုက်တန်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို တရားမဝင် လောင်းကစားလုပ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက အက်ဖ်အေဘက်ကစောင့်ကြည့်ခဲ့တာဖြစ်ပြီး တိုနေးဟာ ၄ နှစ်နီးပါးအတွင်း တရားမဝင်လောင်းကစား လုပ်ဆောင်မှု  ၂၃၂ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တိုနေးဟာ အဲဒီ ၄ နှစ်တာကာလအတွင်းမှာ စကမ်သော်ပီ၊ ဝီဂန်၊ ပီတာဘရော့နဲ့ လက်ရှိကလပ် ဘရန့်ဖို့ဒ်အသင်းတွေမှာ ကစားခဲ့တာပါ။

ဒါဟာ အက်ဖ်အေရဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် တိုနေးကို စွဲချက်တင်လိုက်ပြီး အရေးယူသွားဖို့ရှိ ပါတယ်။

တိုနေးဟာ ကိုယ်ကစားနေတဲ့အသင်းနဲ့ပတ်သက်ပြီး လောင်းကစားလုပ်ခဲ့သလား ဆိုတာကတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုအပေါ် တိုနေးကိုယ်တိုင်က တွစ်တာကနေ ဝန်ခံထားပြီး စုံစမ်းစစ်ဆေးမှု မပြီးဆုံးခင်အထိ တစုံတရာမှတ်ချက်ပေးမှာမဟုတ်ကြောင်း တိုနေးက ရေးသားထားပါတယ်။

တိုနေးဟာ ကမ္ဘာ့ဖလားမတိုင်ခင် နိုင်ငံတကာရက်သတ္တပတ် တုန်းက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ကမ္ဘာ့ဖလားလူစာရင်းမှာတော့ ရွေးချယ်ခံရခြင်း မရှိခဲ့သူဖြစ်ပါတယ်။

3 months Ago
Up