ဘရိုက်တန်တိုက်စစ်မှူး တိုနေးကို တရားမဝင်လောင်းကစားလုပ်မှုဖြင့် စွဲချက်တင်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ဟာ ဘရိုက်တန်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို တရားမဝင် လောင်းကစားလုပ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။
လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက အက်ဖ်အေဘက်ကစောင့်ကြည့်ခဲ့တာဖြစ်ပြီး တိုနေးဟာ ၄ နှစ်နီးပါးအတွင်း တရားမဝင်လောင်းကစား လုပ်ဆောင်မှု ၂၃၂ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
တိုနေးဟာ အဲဒီ ၄ နှစ်တာကာလအတွင်းမှာ စကမ်သော်ပီ၊ ဝီဂန်၊ ပီတာဘရော့နဲ့ လက်ရှိကလပ် ဘရန့်ဖို့ဒ်အသင်းတွေမှာ ကစားခဲ့တာပါ။
ဒါဟာ အက်ဖ်အေရဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် တိုနေးကို စွဲချက်တင်လိုက်ပြီး အရေးယူသွားဖို့ရှိ ပါတယ်။
တိုနေးဟာ ကိုယ်ကစားနေတဲ့အသင်းနဲ့ပတ်သက်ပြီး လောင်းကစားလုပ်ခဲ့သလား ဆိုတာကတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုအပေါ် တိုနေးကိုယ်တိုင်က တွစ်တာကနေ ဝန်ခံထားပြီး စုံစမ်းစစ်ဆေးမှု မပြီးဆုံးခင်အထိ တစုံတရာမှတ်ချက်ပေးမှာမဟုတ်ကြောင်း တိုနေးက ရေးသားထားပါတယ်။
တိုနေးဟာ ကမ္ဘာ့ဖလားမတိုင်ခင် နိုင်ငံတကာရက်သတ္တပတ် တုန်းက အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ကမ္ဘာ့ဖလားလူစာရင်းမှာတော့ ရွေးချယ်ခံရခြင်း မရှိခဲ့သူဖြစ်ပါတယ်။