close

တူရကီကလပ်

close

March 13, 2023

အင်္ဂလန်နည်းပြဂျရတ် တူရကီကလပ် ထရတ်ဇွန်စပေါ်ကို ကိုင်တွယ်ရန်နီးစပ်

အင်္ဂလန်နည်းပြ ဂျရတ်ဟာ တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ နီးစပ် နေပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အက်စတန်ဗီလာနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျရတ်ဟာ အသင်းလက်မဲ့ဖြစ်နေတာပါ။

သူ့ကိုခေါ်ယူဖို့ ထရတ်ဇွန်စပေါ်အသင်းတာဝန်ရှိသူတွေက အင်တာဗျူးခေါ်ထားပြီး  ဂျရတ်ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ကို ထွက်ခွါသွားပြီလို့  တူရကီမီဒီယာ ကာရာကဖော်ပြပါတယ်။

ဂျရတ်ဟာ ထရတ်ဇွန်စပေါ်အသင်းဒုတိယဥက္ကဋ္ဌ အာတူဂယ်ဒိုဂန်နဲ့ ညစာစားရင်း အသင်းကို တာဝန်ယူမယ့်ကိစ္စအပေါ် ဆွေးနွေးညှိနှိုင်းမယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က တူရကီလိဂ်ချန်ပီယံ ထရတ်ဇွန်စအပေါ်ဟာ အခုနှစ်ရာသီပွဲစဉ် ၂၄ အပြီးမှာ အဆင့် ၅ နေရာမှာ ရပ်တည် နေပါတယ်။ 

10 mins Ago

March 3, 2023

မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကို အငှားခေါ်ယူရန် တူရကီကလပ်များ ကြိုးပမ်း

တူရကီကလပ်အသင်းတွေဟာ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကြိုးပမ်း နေကြတယ်လို့ သိရပါတယ်။

တယ်လီဂရပ်ဖ်သတင်းမှာဖော်ပြချက်အရ ဂရင်းဝုဒ်ကိုခေါ်ယူဖို့ တူရကီ ကလပ်တွေက အမှန်တကယ် စိတ်ဝင်စားနေကြပေမယ့် လက်တွေ့ကျတဲ့ကမ်းလှမ်းချက်တောင် လုပ် ဆောင်ရခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

တူရကီလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်က ပိတ်သိမ်းခဲ့ပြီဖြစ်ပေမယ့် လာမဲ့ မတ်လ ၅ ရက်အထိ သက်တမ်းတိုးပေးထားတာပါ။

တူရကီလိဂ်အပြင် အိုက်စလန်၊ နော်ဝေ၊ မော်ဒိုဗာ၊ ဘယ်လာရုစ်နဲ့ ဖာရိုးကျွန်းစုများနိုင်ငံတွေရဲ့ လိဂ် ပြိုင်ပွဲတွေဟာလည်း အပြောင်းအရွှေ့ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ လိင်ပိုင်းဆိုင်ရာအမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အမှုကနေ ပြန်လည်လွတ်မြောက်လာခဲ့လို့ ဘောလုံး ပြန်ကစားခွင့်ရှိနေပါပြီ။

ဒါပေမဲ့မိခင်ကလပ် မန်ယူဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေဆက်လုပ် ပြုလုပ်နေဆဲဖြစ်ပြီး အသင်းလူစာရင်းမှာ ထည့်သွင်းရွေးချယ်ဖို့ မရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။

1 week Ago
Up