close

တူရကီသမ္မတ

close

March 29, 2022

ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေးရန် တူရကီသမ္မတ စီစဉ်

တူရကီသမ္မတ တာယစ်အာဒိုဂန်က မတ် ၂၉ ရက် ဒီနေ့မှာ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ တွေကို  အကျဉ်းချုံး လက်ခံတွေ့ဆုံမယ်လို့ ပြောပါတယ်။

ရှေ့လာမယ့်နှစ်ပတ်မှာ ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်မီ အစ္စတန်ဘူမြို့မှာ တွေ့ဆုံဖို့ စီစဉ်တာပါ။ 

သမ္မတအာဒိုဂန်က မစ္စတာပူတင်နဲ့ရော မစ္စတာဇေလန်းစကီးနဲ့ပါ ဖုန်းနဲ့စကားပြောခဲ့ပြီး အပြုသဘောဆောင်တဲ့ အလားအလာ ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်က ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံခဲ့ပေမဲ့ ပြင်းထန်တဲ့ အသုံးအနှုန်းတွေ နှစ်ဘက်စလုံး ပြောဆိုပြီး ဆွေးနွေးပွဲရပ်ခဲ့ရတာပါ။ 

ဒီကနေ့ အစ္စတန်ဘူလ် တွေ့ဆုံမှုကနေ ဘာမှ များများစားစား မျှော်လင့်မထားဘူးလို့ ယူကရိန်းဘက်က ပြောပါတယ်။ 

1 min Ago

February 4, 2022

ရုရှားနှင့်ယူကရိန်းအရေး ကြားဝင်ဖျန်ဖြေပေးရန် တူရကီသမ္မတ ကိယက်ဗ်မြို့သို့ ရောက်ရှိ

ရုရှားနဲ့ ယူကရိန်းရဲ့ အကျပ်အတည်းကို ကြားဝင်ဖျန်ဖြေပေးဖို့ ကမ်းလှမ်းခဲ့တဲ့ တူရကီနိုင်ငံသမ္မ တာယက် အာဒိုဂန် ကို ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးက လက်ခံခဲ့ပြီး ကိယက်ဗ်မြို့ သမ္မတနန်းတော်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က တရားဝင်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

အာဒိုဂန်ရဲ့ခရီးစဉ်က နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပိုလန်၊ နယ်သာလန်တို့က နိုင်ငံခေါင်းဆောင်တွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ယူကရိန်းကိုရောက်ရှိပြီး ဆက်ဖြစ်ပေါ်လာတာပါ။

တူရကီဟာ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်သလို ယူကရိန်းနဲ့ရော ရုရှားနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတာပါ။ 

ဒါပေမဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ရင်တော့ နေတိုးဘက်က ရပ်မယ်လို့ အာဒိုဂန်က ပြောပါတယ်။

သမ္မတအာဒိုဂန်က ရုရှားနဲ့ ယူကရိန်းကြား တင်းမာမှုလျော့ကျစေဖို့ ယခင်ကလည်း ကူညီ စေ့စပ်ပေးဖို့ ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်စလုံးက အကြံဉာဏ်တွေ ယူခဲ့ဖူးပါတယ်။

ဒါပေမဲ့ တူရကီက နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ရုရှားအပေါ် စီးပွား‌ရေးပိတ်ဆို့မှုကို အမြဲတမ်း ကန့်ကွက်ခဲ့တာပါ။ 

သူ့ခရီးမတိုင်မီ အာဒိုဂန်က ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ မက်ဆေ့ချ်တွေ ပို့ထားခဲ့ပါတယ်။

2 months Ago
Up