ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေးရန် တူရကီသမ္မတ စီစဉ်

တူရကီသမ္မတ တာယစ်အာဒိုဂန်က မတ် ၂၉ ရက် ဒီနေ့မှာ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ တွေကို အကျဉ်းချုံး လက်ခံတွေ့ဆုံမယ်လို့ ပြောပါတယ်။
ရှေ့လာမယ့်နှစ်ပတ်မှာ ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်မီ အစ္စတန်ဘူမြို့မှာ တွေ့ဆုံဖို့ စီစဉ်တာပါ။
သမ္မတအာဒိုဂန်က မစ္စတာပူတင်နဲ့ရော မစ္စတာဇေလန်းစကီးနဲ့ပါ ဖုန်းနဲ့စကားပြောခဲ့ပြီး အပြုသဘောဆောင်တဲ့ အလားအလာ ရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၀ ရက်က ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံခဲ့ပေမဲ့ ပြင်းထန်တဲ့ အသုံးအနှုန်းတွေ နှစ်ဘက်စလုံး ပြောဆိုပြီး ဆွေးနွေးပွဲရပ်ခဲ့ရတာပါ။
ဒီကနေ့ အစ္စတန်ဘူလ် တွေ့ဆုံမှုကနေ ဘာမှ များများစားစား မျှော်လင့်မထားဘူးလို့ ယူကရိန်းဘက်က ပြောပါတယ်။