close

တောင်ကိုရီးယားသမ္မတရုံး

close

March 21, 2022

တောင်ကိုရီးယားသမ္မတရုံးကို ကာကွယ်ရေးဝန်ကြီးဌာနဝင်းသို့ ပြောင်းရွှေ့မည်

တောင်ကိုရီးယား ရွေးကောက်ခံ သမ္မတ ယွန်းဆွန်းယဲဟာ ဆယ်စုနှစ်ချီ အစဉ်အလာကို ရိုက်ချိုးပြီး သမ္မတရုံးကို သမ္မတအိမ်ပြာတော်ကနေ ကာကွယ်ရေးဝန်ကြီးဌာနဝင်းထဲ ပြောင်းရွှေ့မယ်လို့ မတ် ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

ဒီလို အပြောင်းအရွှေ့အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ ကုန်ကျနိုင်ပါတယ်။

မတ် ၉ ရက် ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး သီကာပွတ်ကာ အနိုင်ရခဲ့တဲ့ ယွန်းဟာ သူ့ရုံးကို ပိုလက်လှမ်းမီတဲ့ နေရာဆီပြောင်းဖို့ ကတိပြုထားပါတယ်။ ဆိုးလ်မြို့တော်က သမ္မတအိမ်ပြာတော်ကိုတော့ အများပြည်သူအတွက် ဖွင့်ပေးမယ်လို့ ပြောပါတယ်။

သူ့ရဲ့ တရားဝင်အိမ်ကိုလည်း စီးပွားရေး အမှုဆောင်တွေနဲ့ သံတမန်တွေ အများအပြား နေထိုင်ရာ ဟန်းနမ်ဒေါင်ရပ်ကွက်ဆီ ပြောင်းမယ်လို့ သူက မတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။

ယောင်ဆန်းဧရိယာမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဌာနချုပ်ဟာ အခုချိန်မှာ ပိတ်သိမ်းပြီးသား အမေရိကန်စစ်တပ် အခြေစိုက်စခန်းဟောင်း နဲ့ ကပ်လျက်ပါ။

ဒီခြံဝင်းဟာ နိုင်ငံတော် လုံခြုံရေးနဲ့ ကွပ်ကဲရေး အဆောက်အအုံတွေ အပြည့်အစုံ ထားရှိပြီးဖြစ်လို့ လုံခြုံရေး ဒါမှမဟုတ် ဒေသခံတွေ အဆင်မပြေတာမျိုး မဖြစ်ဘဲ ပြောင်းရွှေ့ရ လွယ်စေတယ်လို့ လည်း ယွန်းက ပြောခဲ့ပါတယ်။

3 mins Ago

August 26, 2021

မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေး ဆက်လက်ကြိုးပမ်းမည်ဟု တောင်ကိုရီးယားသမ္မတရုံး ကြေညာ

တောင်ကိုရီးယားနိုင်ငံဟာ နိုင်ငံတကာအသိုက်အဝန်းနဲ့ အနီးကပ် ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ငြိမ်းချမ်းတည်ငြိမ်မှုတွေ ပြန်လည်ထူထောင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းမယ်လို့ တောင်ကိုရီးယား သမ္မတနန်းတော်ကနေ ဩဂတ် ၂၆ ရက်မှာ ပြောကြား လိုက်ပါတယ်။

ဒါဟာ မြန်မာစစ်အာဏာသိမ်းအုပ်ချုပ်မှုအဖွဲ့ကို ဆန့်ကျင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် နိုင်ငံတကာ အသိအမှတ်ပြု တရားဝင်ထောက်ခံပေးဖို့ ဆိုးလ်အစိုးရကို တောင်းဆိုတဲ့ လူထုတောင်းဆိုချက်ကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ 

ချုံဟွာဒယ်- အိမ်ပြာတော်ရဲ့ ဝက်ဆိုက်မှာ လူပေါင်း ၂၆၈၀၀၀ ကျော်က  ထောက်ခံထားတဲ့ အွန်လိုင်းမက်ဆေ့ချ်ကဏ္ဍထဲမှာ  အသနားခံသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြုတ်ချခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတို့ ပါဝင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တရားဝင်သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့ တောင်ကိုရီးယားကို တောင်းဆိုခဲ့ကြပါတယ်။ 

တောင်ကိုရီးယားအစိုးရဟာ ရှေ့ဆက်ပြီး ပံ့ပိုးကူညီမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ အဲ့ဒါမှ မြန်မာပြည်သူတွေရဲ့ဆန္ဒပြည့်ဝရအောင် မြန်မာနိုင်ငံရဲ့ အခြေအနေကို ဦးတည်ချက်တစ်ခုမှာ ဖြေရှင်းနိုင်မယ်လို့ အိမ်ပြာတော်က ပြောပါတယ်။ 

တောင်ကိုရီးယားဟာ NUG မှ ပုဂ္ဂိုလ်တွေ အပါအဝင် အဓိကတာဝန်ရှိသူတွေနဲ့ ပုံမှန် အဆက်အသွယ် ရှိနေမှာပါလို့လည်း ထည့်သွင်းပြောကြားသွားပါတယ်။ 

7 months Ago
Up