close

တောင်ညိုပြောက်ကျားတပ်ဖွဲ့

close

December 2, 2022

ရေး-သံဖြူဇရပ် ကားလမ်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ ဦးသေ

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းပေါ်မှာ ဒီဇင်ဘာ ၁ ရက် မနက် ၁၁ နာရီခွဲက ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက် မှာ ထုတ်ပြန်ပါတယ်။

ကနင်ကမော့ရွာနဲ့ အောင်သာယာရွာကြား ပရာသားတံတားနားမှာ စစ်ကား ၂ စီးပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားပေါ်ကဆင်းနေချိန် ကင်းပုန်းဝပ်နေတဲ့ ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ချုံခိုတိုက်ခိုက်မှုဖြစ်စဉ်မှာ တောင်ညိုပြောက်ကျားတပ်ဘက်က ထိခိုက်သေဆုံးတာ ရှိ၊ မရှိကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ အလစ်အငိုက် ချုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တာကြောင့် အနီးနားရွာက ဒေသခံတွေ ခြိမ်းခြောက်ခံနေရတယ်လို့ သိရပါတယ်။

အဲဒီ ရေး-သံဖြူဇရပ်လမ်း ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ပေမဲ့ အင်အားထပ်ဖြည့်လာနိုင်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ​ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

7 mins Ago

November 3, 2022

သံဖြူဇရပ်-ရေး ကားလမ်းတွင် စစ်ကောင်စီတပ်များ တရက်တည်း ၂ ကြိမ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ကားလမ်းမှာ နိုဝင်ဘာ ၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၂ ကြိမ်ဆက်တိုက် တိုက်ခိုက်ခံရပြီး ၉ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့  မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သံဖြူဇရပ်-ရေး ကားလမ်းမှာ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၃ နာရီလောက်က ကင်းချဖို့လာတဲ့ စစ်ကား ၂ စီး ဝဲခမိရွာနဲ့ ရွာသာအေးရွာကြားမှာ ကားပေါ်ကနေဆင်းပြီး ခြေလျင်ချီတက်လာတုန်း မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တရက်တည်းမှာပဲ သံဖြူဇရပ်ကနေ ရေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကား ၆ စီးပါ ယာဉ်တန်းကို ည ၇ နာရီလောက်က ရွာသာအေးရွာနဲ့ ပိန္နဲတောရွာအကြားမှာ မွန်ပြည်နယ် တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထပ်မံ ချုံခိုတိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သံဖြူဇရပ်-ရေး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များပြားနေတယ်လို့ ဒေသခံပြောက်ကျားတပ်တွေက ပြောပေမဲ့  သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

သံဖြူဇရပ်-ရေး ကားလမ်းမှာ အဆိုပါ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အရပ်သား ၃ ‌ယောက် သေဆုံးခဲ့ပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သံဖြူဇရပ်-ရေး ကားလမ်းမှာ သွားလာကြတဲ့ ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကားနဲ့ အတူမသွားလာကြဖို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က လတ်တလော သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

4 weeks Ago
Up