close

တောင်အမေရိက

close

February 18, 2023

တောင်အမေရိကရှိ ဆူရီနမ်နိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြ

တောင်အမေရိကနိုင်ငံငယ်လေးဖြစ်တဲ့ ဆူရာနမ်မှာ ဖေဖော်ဝါရီ ၁၇ ရက်က မြို့တော် ပါရာမာရီဘိုမှာ ရာနဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဆူရီနမ်ပါလီမန်ထဲကို အတင်းအဓမ္မ ဝင်ရောက်ခဲ့ကြလို့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ထောက်ပံ့ကြေးတွေ ဖြတ်တောက်တာနဲ့ မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုရဲ့ အကြောင်းရင်းခံတွေ အပါအဝင် အစိုးရရဲ့ ခြိုးခြံချွေတာ‌ရေး အစီအမံတွေအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ကနဦးပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ လူထောင်ပေါင်းများစွာဟာရဲ့ လမ်းတွေပေါ် ထွက်ခဲ့ကြပါတယ်။ 

ဒါပေမဲ့ ဆန္ဒပြသူတွေဟာ ရဲတွေကို ကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ပြီး ပါလီမန်ဝင်းထဲကို အတင်းဝင်ရောက်တဲ့အခါ ဆန္ဒပြပွဲက အကျဉ်းတန်သွားကြောင်း၊ တချို့ကလည်း အဆောက်အအုံထဲ လျှောက်ဝင်ကြလို့ အတင်းဆွဲထုတ်ခဲ့ကြရကြောင်း ရိုက်တာသတင်းဌာနကို မျက်မြင်တစ်ဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ပြန်လည်ပစ်ခတ်လူစုခွဲရာမှာ ဆန္ဒပြသူတွေဟာ ရှောင်ပြေးခဲ့ကြရပါတယ်။ 

8 mins Ago

September 5, 2020

ကိုလံဘီယာ၌ တောင်အမေရိကတိုက်၏အရှည်ဆုံး ကားလမ်းဥမင် ဖွင့်လှစ်

တောင်အမေရိကတိုက်ရဲ့ အရှည်ဆုံးမော်တော်ကားလမ်းဥမင်ကို ကိုလံဘီယာနိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ တည်ဆောက်ခဲ့ပြီးနောက် စက်တင်ဘာ ၄ ရက်က  ဖွင့်လှစ်ခဲ့ပါတယ်။    တူနယ်ဒယ်လာ လီနီယာဆိုတဲ့ မော်တော်ကားလမ်းဥမင်ဟာ ၅ ဒသမ ၄ မိုင် ရှည်လျားပြီး  ပစိဖိတ်သမုဒ္ဒရာဆိပ်ကမ်းမြို့  ဘွယ်နာ ဗန်သိုရာကနေ  ကိုလံဘီယာနိုင်ငံအလယ်ပိုင်းဆီ  ကုန်စည် တွေ ပို့ဆောင်ရာမှာ ကြာမြင့်ချိန်နဲ့  စရိတ်စက လျော့နည်းစေဖို့ ရည်ရွယ်တည်ဆောက်ခဲ့တာပါ။  သမ္မတ အီဗန်ဒူကေးကလည်း  ဒါဟာ ကိုလံဘီယာသမိုင်းမှာ အရေးကြီးဆုံး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းဖြစ်တာမို့  ဒီနေ့ဟာ နိုင်ငံအတွက် သိပ်ကို ထူးခြားတဲ့နေ့ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။   ကိုလံဘီယာနိုင်ငံအနောက်ပိုင်းက အင်ဒီးစ်တောင်စဉ်တွေကို ဖြတ်သန်းဖောက်လုပ်တဲ့ ဒီပရောဂျက်ဟာ  ပီဆိုငွေ တစ်ထရီလီယံကျော် (အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၀ ခန့်) ကုန်ကျခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
2 years Ago
Up