တောင်အမေရိကရှိ ဆူရီနမ်နိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြ

တောင်အမေရိကနိုင်ငံငယ်လေးဖြစ်တဲ့ ဆူရာနမ်မှာ ဖေဖော်ဝါရီ ၁၇ ရက်က မြို့တော် ပါရာမာရီဘိုမှာ ရာနဲ့ချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဆူရီနမ်ပါလီမန်ထဲကို အတင်းအဓမ္မ ဝင်ရောက်ခဲ့ကြလို့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ထောက်ပံ့ကြေးတွေ ဖြတ်တောက်တာနဲ့ မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုရဲ့ အကြောင်းရင်းခံတွေ အပါအဝင် အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအမံတွေအပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ကနဦးပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ လူထောင်ပေါင်းများစွာဟာရဲ့ လမ်းတွေပေါ် ထွက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေဟာ ရဲတွေကို ကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ပြီး ပါလီမန်ဝင်းထဲကို အတင်းဝင်ရောက်တဲ့အခါ ဆန္ဒပြပွဲက အကျဉ်းတန်သွားကြောင်း၊ တချို့ကလည်း အဆောက်အအုံထဲ လျှောက်ဝင်ကြလို့ အတင်းဆွဲထုတ်ခဲ့ကြရကြောင်း ရိုက်တာသတင်းဌာနကို မျက်မြင်တစ်ဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ပြန်လည်ပစ်ခတ်လူစုခွဲရာမှာ ဆန္ဒပြသူတွေဟာ ရှောင်ပြေးခဲ့ကြရပါတယ်။