close

တံတားတစင်း

close

May 10, 2022

ပါကစ္စတန်တွင် ရေခဲကန် အရည်ပျော်ပြီး တံတားတစင်း မျောပါ

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ လတ်တလော အပူလှိုင်းကြောင့် ရေခဲကန်တခု အကြီးအကျယ် အရည်ပျော်ခဲ့ပြီး စမ်းချောင်းအဖြစ် စီးထွက် ကျိုးပေါက်ခဲ့လို့ မေ ၇ ရက်က တံတားတစင်း မျောပါခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။

ရှစ်စ်ပါ ရေခဲကန်က ရေပမာဏဟာ မကြုံစဖူး အပူချိန်မြင့်ခဲ့လို့ ပြီးခဲ့တဲ့ ရက် ၂၀ အတွင်း ၄၀ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ငံမြောက်ပိုင်းက ရေခဲမြစ်တွေ ရုတ်တရက် အရည်ပျော်လို့ ရေခဲကန် ၃ ထောင်ကျော် ဖြစ်လာခဲ့ပြီး ရေခဲကန် ၃၃ ခုက မကြာခင် တာကျိုးတော့မယ့်အပြင် စမ်းချောင်းတွေ တလျှောက် ရေစီးသန်တော့မယ်လို့လည်း သူတို့က ပြောပါတယ်။

ဟတ်ဆာနာဘတ် မြို့မှာတော့ ဒေသန္တရ အရာရှိတွေဟာ ရေဘေး​ကြောင့် လူတွေ သောင်တင် မနေတာ သေချာစေဖို့ ကူညီနေပါတယ်။

4 mins Ago

September 1, 2019

တူရကီနိုင်ငံက တံတားတစင်း တဖြည်းဖြည်းချင်း ပြိုကျခဲ့သည့်ရုပ်သံ ထွက်ပေါ် (ရုပ်သံ)

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် တူရကီနိုင်ငံက တံတားတစင်း တဖြည်းဖြည်းချင်း ပြိုကျခဲ့တဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ ဒီဖြစ်ရပ်ဟာ တူရကီနိုင်ငံ တာမီမြို့မှာ သြဂုတ် ၂၆ ရက်ကဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာ ရခဲ့ပါတယ်။   မိုးသည်းထန်စွာ ရွာသွန်းမှုက တူရကီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တာမီမြို့အတွင်းမှာ ဆိုးဆိုးရွားရွား အခြေအနေတွေကို ဖြစ်စေခဲ့ပြီး တံတားတစင်းပါ ပြိုကျခဲ့ရတာလို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။  တူရကီရုပ်သံဌာနတခုဖြစ်တဲ့ Kanal 362  ကရရှိခဲ့တဲ့ ဗွီဒီယိုဖိုင်မှာ လမ်းသွားလမ်းလာနှစ်ဦး ဖြတ်ကူးနေတဲ့အချိန်မှာ တံတားပြိုကျသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယယ်။  တံတားပေါ်မှာ ရှိနေသူ နှစ်ဦးဟာ ကားတစီးနဲ့အတူ မြစ်ထဲကို ပြုတ်ကျသွားခဲ့ပြီး အသေးစားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တူရကီႏိုင္ငံက တံတားတစင္း တျဖည္းျဖည္းခ်င္း ၿပိဳက်ခဲ့သည့္႐ုပ္သံ ထြက္ေပၚ (႐ုပ္သံ) မိုးသည္းထန္စြာ ႐ြာသြန္းတာေၾကာင့္ တူရကီႏိုင္ငံက တံတားတစင္း တျဖည္းျဖည္းခ်င္း ၿပိဳက်ခဲ့တဲ့ ႐ုပ္သံ ထြက္ေပၚလာပါတယ္။ ဒီျဖစ္ရပ္ဟာ တူရကီႏိုင္ငံ တာမီၿမိဳ႕မွာ ၾသဂုတ္ ၂၆ ရက္ကျဖစ္ပြားခဲ့ၿပီး ႏွစ္ဦးဒဏ္ရာ ရခဲ့ပါတယ္။ မိုးသည္းထန္စြာ ႐ြာသြန္းမႈက တူရကီႏိုင္ငံေျမာက္ပိုင္းမွာရွိတဲ့ တာမီၿမိဳ႕အတြင္းမွာ ဆိုးဆိုး႐ြား႐ြား အေျခအေနေတြကို ျဖစ္ေစခဲ့ၿပီး တံတားတစင္းပါ ၿပိဳက်ခဲ့ရတာလို႔ ေဒသ အာဏာပိုင္ေတြက ေျပာပါတယ္။ တူရကီ႐ုပ္သံဌာနတခုျဖစ္တဲ့ Kanal 362  ကရရွိခဲ့တဲ့ ဗြီဒီယိုဖိုင္မွာ လမ္းသြားလမ္းလာႏွစ္ဦး ျဖတ္ကူးေနတဲ့အခ်ိန္မွာ တံတားၿပိဳက်သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယယ္။ တံတားေပၚမွာ ရွိေနသူ ႏွစ္ဦးဟာ ကားတစီးနဲ႔အတူ ျမစ္ထဲကို ျပဳတ္က်သြားခဲ့ၿပီး အေသးစားဒဏ္ရာေတြ ရရွိခဲ့တယ္လို႔ သိရပါတယ္။
3 years Ago
Up