close

တွေ့ဆုံမည်

close

November 18, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်အသင်း ရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံမည်

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အလုပ်လုပ်ပေးခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်ကို ဒီကနေ့ ကာတာနိုင်ငံ ဒိုဟာမှာရှိတဲ့ အသင်းရဲ့လေ့ကျင့်ရေး ကွင်းမှာပြုလုပ်မှာပါ။ 

တွေ့ဆုံရာမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အတွေ့အကြုံတွေကို နားထောင်ပေးသွားမှာဖြစ် တယ်လို့ သိရပါတယ်။ 

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ အစရှိတဲ့တောင်အာရှနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ ကာတာ ကမ္ဘာ့ဖလားအတွက် လာရောက် အလုပ်လုပ်ပေးခဲ့ကြပြီး လုပ်ငန်းခွင့်အခြေအနေ လုံခြုံမှု မရှိတာကြောင့် လုပ်သား  ၇၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။ 

အဲဒီအပေါ်မှာ နိုင်ငံအများစုကရူတ်ချခဲ့ကြပြီး အင်္ဂလန်အသင်းကတော့ ရွှေ့ပြောင်းလုပ်သားတွေ အပေါ် စာနာမှုနဲ့ ဂုဏ်ပြုမှုပြုလုပ်တဲ့ အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့တာပါ။ 

အင်္ဂလန်အသင်းဟာ ကာတာနိုင်ငံက ကန့်သတ်ပိတ်ပင်ထားတဲ့ လိင်တူချစ်သူများ အခွင့်အရေး တွေကို တောင်းဆိုတဲ့အနေနဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက One Love စာသားပါ သက်တံ့ရောင် အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ 

1 min Ago

December 31, 2020

ကချင်ပါတီအချို့နှင့် အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမည်

ကချင်ပြည်နယ်က တိုင်းရင်းသားပါတီတချို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီလ ၁ ရက်မှာ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ လီဆူအမျိုးသားများ ဖွံဖြိုးတိုးတက်ရေး( ဒူးလေးပါတီ) ဥက္ကဋ္ဌ  ဦးရွှေမင်းက “၁ ရက်နေ့ မနက် ၉ နာရီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးမှာ တွေ့ဆုံမယ်လို့ ဖိတ်ကြားထားပါတယ်။ ဘာခေါင်းစဉ် ဆွေးနွေးမလဲ ဆိုတာတော့ မပြောထားဘူး” လို့ ပြောပါတယ်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ကိုတော့ ဖိတ်ကြားထားတာ မရှိဘူးလို့ အဲ့ဒီပါတီတွေရဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။  တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးနိုင်ဖို့ကို ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခါးနော်ဆမ်တို့ပါဝင်တဲ့ ၃ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို  အန်အယ်လ်ဒီပါတီက ဖွဲ့စည်းတာ ဝန်ပေးထားတာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကချင်ပြည်နယ်ကို အရင်ဆုံး လာရောက်တာဖြစ်ပြီး ကချင်ကအပြန် မွန်ပြည်နယ်ကို ဆက်လက်သွားရောက်ဖို့ရှိပြီး  တိုင်းရင်းသားပါတီတွေရဲ့ တောင်းဆိုဆွေးနွေးချက်တွေကို အဖွဲ့ချုပ် ဗဟိုထံ ပြန်လည်တင်ပြပေးရမှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပြီးနောက်  နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမယ့် ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းရင်းသားပါတီအတွေ အနေနဲ့လည်း အဖွဲ့ချုပ်က ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို ပူးပေါင်းပါဝင်ဖို့ မျှော်လင့်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီထံ လိပ်မူပြီး ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမယ့် ပြည်ထောင်စုအရေးကိစ္စကို လက်ခံကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မီးမီး
2 years Ago
Up