ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်အသင်း ရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံမည်

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အလုပ်လုပ်ပေးခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်ကို ဒီကနေ့ ကာတာနိုင်ငံ ဒိုဟာမှာရှိတဲ့ အသင်းရဲ့လေ့ကျင့်ရေး ကွင်းမှာပြုလုပ်မှာပါ။
တွေ့ဆုံရာမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အတွေ့အကြုံတွေကို နားထောင်ပေးသွားမှာဖြစ် တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ အစရှိတဲ့တောင်အာရှနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေ ကာတာ ကမ္ဘာ့ဖလားအတွက် လာရောက် အလုပ်လုပ်ပေးခဲ့ကြပြီး လုပ်ငန်းခွင့်အခြေအနေ လုံခြုံမှု မရှိတာကြောင့် လုပ်သား ၇၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။
အဲဒီအပေါ်မှာ နိုင်ငံအများစုကရူတ်ချခဲ့ကြပြီး အင်္ဂလန်အသင်းကတော့ ရွှေ့ပြောင်းလုပ်သားတွေ အပေါ် စာနာမှုနဲ့ ဂုဏ်ပြုမှုပြုလုပ်တဲ့ အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ကာတာနိုင်ငံက ကန့်သတ်ပိတ်ပင်ထားတဲ့ လိင်တူချစ်သူများ အခွင့်အရေး တွေကို တောင်းဆိုတဲ့အနေနဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက One Love စာသားပါ သက်တံ့ရောင် အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။