close

ထိပ်တန်းအသင်း

close

September 3, 2022

ထိပ်တန်းအသင်းတွေကို လိုက်မီဖို့ ဝေးကွာနေဆဲဟု စပါးနည်းပြကွန်တီပြော

ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေကို လိုက်မီဖို့ ဝေးကွာနေဆဲဖြစ်ကြောင်း စပါးနည်းပြ ကွန်တီကပြောပါတယ်။

စပါးအသင်းဟာ အခုနှစ်ရာသီမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ပြီး ရစ်ချာလီဆန်နဲ့ ဘစ်ဆူးမားတို့လို ပရီးမီးယားလိဂ်အတွေ့အကြုံရှိကစားသမားတွေကို ခေါ်ယူထားတာပါ။

အသင်းရဲ့လူစာရင်းက တောင့်တင်းမှုရှိလာတာမှန်ပေမယ့် ထိပ်တန်းအသင်းတွေကို လိုက်မီဖို့ဆိုရင်တော့ အပြောင်းအရွှေ့ကာလ တခုတည်းနဲ့ မဖြစ်နိုင်ကြောင်း နည်းပြကွန်တီကပြော ပါတယ်။

“ထိပ်တန်းအဆင့် လူအင်အားရှိတယ်ဆိုပေမဲ့ ထိပ်တန်းအသင်းကြီးတွေနဲ့ ဝေးကွာနေဆဲပါပဲ။ ဒါကြောင့် အသင်းက တိုးတက်လာနေဆဲအဆင့်မှာပဲရှိသေးတာကို နားလည်းဖို့လိုပါတယ်”လို့ နည်းပြကွန်တီက ပြောပါတယ်။

စပါးအသင်းဟာ လိဂ် ၅ ပွဲကစားအပြီးမှာ ၃ ပွဲနိုင် ၂ ပွဲသရေ၊ ရှုံးပွဲမရှိသေးတဲ့ရလဒ်နဲ့ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပါတယ်။ 

11 mins Ago

May 27, 2022

အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ထိပ်တန်းအသင်းများခေါ်ယူလိုနေ

ထိပ်တန်းကလပ်အသင်းများစွာက ခေါ်ယူလိုနေတဲ့ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ အသင်းမှာဆက်ရှိဖို့ မသေချာဘဲဖြစ်နေပါတယ်။ 

အခုနှစ်ရာသီမှာ အဲဗာတန်အသင်းကို တန်းဆင်းဇုန်ကနေရုန်းထွက်နိုင်အောင် ကူညီပေးခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူးကို ပရီးမီးယာလိဂ်ထိပ်သီးကလပ်တွေအပြင် တခြားဥရောပကလပ်တွေကလည်း ခေါ်ယူလိုနေတာပါ။ 

အသက် ၂၅ နှစ်ရှိ ရစ်ချာလီဆန်ကို စပါးအသင်းကခေါ်ယူဖို့ စောင့်ကြည့်နေပြီး စပိန်ကလပ်ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတွေကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

အဲဗာတန် အသင်းဘက်ကလည်း ဘဏ္ဍာရေးအကျပ် အတည်းတွေရှိနေလို့ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုရင် ရစ်ချာလီဆန်ကို ရောင်းချဖို့ရှိပါတယ်။ 

ဒါ့အပြင် ကစားသမားကိုယ် တိုင်ကလည်း ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ ထိပ်တန်းအသင်းတွေဆီကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ 

ရစ်ချာလီဆန်ဟာ ၂၀၁၈ ခုနှစ်က ဝက်ဖို့ဒ်အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အဲဗာတန်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ 

သူဟာ ဘရာဇီးအသင်းမှာလည်း အဓိက ကစာသမားအဖြစ် ပွဲပေါင် ၃၄ ပွဲ ကစားခဲ့ပြီး ၁၃ဂိုး သွင်းယူထားပါတယ်။ 

3 months Ago
Up