ထိပ်တန်းအသင်းတွေကို လိုက်မီဖို့ ဝေးကွာနေဆဲဟု စပါးနည်းပြကွန်တီပြော

ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေကို လိုက်မီဖို့ ဝေးကွာနေဆဲဖြစ်ကြောင်း စပါးနည်းပြ ကွန်တီကပြောပါတယ်။
စပါးအသင်းဟာ အခုနှစ်ရာသီမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ပြီး ရစ်ချာလီဆန်နဲ့ ဘစ်ဆူးမားတို့လို ပရီးမီးယားလိဂ်အတွေ့အကြုံရှိကစားသမားတွေကို ခေါ်ယူထားတာပါ။
အသင်းရဲ့လူစာရင်းက တောင့်တင်းမှုရှိလာတာမှန်ပေမယ့် ထိပ်တန်းအသင်းတွေကို လိုက်မီဖို့ဆိုရင်တော့ အပြောင်းအရွှေ့ကာလ တခုတည်းနဲ့ မဖြစ်နိုင်ကြောင်း နည်းပြကွန်တီကပြော ပါတယ်။
“ထိပ်တန်းအဆင့် လူအင်အားရှိတယ်ဆိုပေမဲ့ ထိပ်တန်းအသင်းကြီးတွေနဲ့ ဝေးကွာနေဆဲပါပဲ။ ဒါကြောင့် အသင်းက တိုးတက်လာနေဆဲအဆင့်မှာပဲရှိသေးတာကို နားလည်းဖို့လိုပါတယ်”လို့ နည်းပြကွန်တီက ပြောပါတယ်။
စပါးအသင်းဟာ လိဂ် ၅ ပွဲကစားအပြီးမှာ ၃ ပွဲနိုင် ၂ ပွဲသရေ၊ ရှုံးပွဲမရှိသေးတဲ့ရလဒ်နဲ့ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပါတယ်။