close

ထိပ်သီးညီလာခံ

close

May 6, 2022

အမေရိကနိုင်ငံအချို့ကို ထိပ်သီးညီလာခံမှ ဖယ်ရှားမည့်ဆုံးဖြတ်ချက် ဗင်နီဇွဲလား ပယ်ချ

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာ ဇွန်လအတွင်း ကျင်းပမယ့် အမေရိကနိုင်ငံများ ထိပ်သီးညီလာခံကနေ ဗင်နီဇွဲလား၊ ကျူးဘားနဲ့ နီကာရာဂွါ နိုင်ငံတွေကို ဖယ်ရှားမယ်လို့ အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ 

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပယ်ချလိုက်တဲ့အကြောင်း ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံခြားရေး ဝန်ကြီးတွေက  မေ ၅ ရက်နေ့ ဘိုလီးဗီးယားမြို့တော် လာပဲ့ဇ်မှာ ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။ 

ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး ပလာစန်စီယာက  “ကျနော်တို့ရဲ့ ငြင်းပယ်တဲ့အသံ၊ ပြင်းပြင်းထန်ထန် ငြင်းပယ်တဲ့အသံကို မြှင့်ပြီး မပြောဘဲနဲ့ ဒေသတွင်း တာဝန်ယူတဲ့ အစိုးရတွေက ဒီကိစ္စကို ခွင့်မပြုနိုင်ဘူး" လို့ ပြောပါတယ်။

ဘိုလီးဗီးယား အစိုးရကလည်း  ဒီနိုင်ငံတွေကို မချန်လှပ်ထားခဲ့ဘဲ ဒေသအတွင်း နိုင်ငံစုံဝါဒအတွက် တောင်းဆိုခဲ့ပါတယ်။

ဘိုလီးဗီးယား နိုင်ငံခြားရေးဝန်ကြီး မေတာက "နိုင်ငံတွေအားလုံး ပါရမယ်။ တကယ်လို့ တယောက်ယောက် ဖယ်ထားခံရရင် ဖယ်ထားခံရသူက ဆုံးရှုံးတာမဟုတ်ဘဲ အမေရိကတိုက်က ဆုံးရှုံးတာ။ ကျနော်တို့အားလုံး လုပ်ငန်းစဉ်ကြီး ဆုံးရှုံးတာ ဖြစ်လိမ့်မယ်" လို့ ပြောပါတယ်။

ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂက်ဇ်ကလည်း အမေရိကန်က ကျူးဘားကို ညီလာခံကနေ ဖယ်ထုတ်တာဟာ လေးနှစ်ကြာ အဆင့်မြင့် သံခင်းတမန်ခင်းကို နောက်ပြန်ဆုတ်လိုက်တာပဲလို့ ပြောခဲ့ပါတယ်။

နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်ဖမ်းဆီးတာ၊  ဝေဖန်သူတွေနဲ့  မီဒီယာသမားတွေကို ထောင်ချခဲ့တဲ့   ဗင်နီဇွဲလား၊ ကျူးဘားနဲ့ နီကာရာဂွါ နိုင်ငံအစိုးတွေကို   အမေရိကန်က ဆန့်ကျင်တဲ့ အနေနဲ့ ဒေသတွင်း ထိပ်သီးညီလာခံကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

3 hours Ago

March 28, 2022

အန်စီအေ အပစ်ရပ်အဖွဲ့များ၏ ထိပ်သီးညီလာခံ ကျင်းပမည်

အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  PPST ရဲ့ စတုတ္ထအကြိမ်မြောက်  ထိပ်သီးညီလာခံ (ဒုတိယအပိုင်း)ကို ဒီရက်ပိုင်းအတွင်းမှာ ပြုလုပ်ဖို့ရှိပေမယ့် ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေက လူသိရှင်ကြားမလုပ်ဖို့ ပြောထားတယ်လို့ သိရပါတယ်။

အခုပြုလုပ်မယ့် ညီလာခံဟာ ထူးခြားမှုတွေရှိလာနိုင်သလို ရှုပ်ထွေးမှုတွေမဖြစ်ပေါ်လာဖို့အတွက်  ညီလာခံနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို ကြိုတင်ထုတ်ဖော်မပြောဆိုဖို့ အဖွဲ့အစည်းအကြီးအကဲတွေက ပြောဆိုထားတယ်လို့လည်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောပါတယ်။

PPST ရဲ့ စတုတ္ထအကြိမ်မြောက် ဒုတိယအပိုင်း ထိပ်သီးညီလာခံမှာ တိုင်းရင်းသားပေါင်းစုံပါတဲ့ ညီလာခံကျင်းပနိုင်ရေးကိစ္စအပြင် နိုင်ငံရေးလမ်းပြမြေပုံနဲ့ EAOs တွေရဲ့ စုဖွဲ့မှုပုံစံအသစ်တွေကို ဆွေးနွေးဖို့ရှိနေပါတယ်။ 

အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့  PPST စတုတ္ထအကြိမ်မြောက်  ထိပ်သီးညီလာခံ (ပထမအပိုင်း)ကို ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

1 month Ago
Up