close

ထိုင်းစစ်သား

close

June 24, 2021

ထိုင်းစစ်သား ၁ ဦးက 7-Eleven ဆိုင်နှင့် ကိုဗစ်ယာယီဆေးရုံထဲဝင်ရောက်ပစ်ခတ် ၂ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်နဲ့ ပထုန်ဌာနီခရိုင်မှာ ဇွန်လ ၂၄ ရက် မနက် ၂ နာရီလောက်က  ထိုင်းစစ်သားဝတ်စုံဝတ်ထားသူ တစ်ယောက်က 7-Eleven ကုန်စုံဆိုင်နဲ့ ကိုဗစ်-၁၉ ယာယီဆေးရုံထဲကို ဝင်ရောက်ပစ်ခတ်ရာမှာ ကုန်စုံဆိုင်ဝန်ထမ်း ၁ ဦးနဲ့ ဆေးရုံထဲက လူနာ ၁ ဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဦးထုပ်အနီ၊ ပြောက်ကျားစစ်ဝတ်စုံ၊ ဂျင်းဘောင်းဘီရှည်ဝတ်ထားတဲ့ အသက် ၂၀ ကျော်ခန့်ရှိ  လူ ၁ ဦးဟာ မျက်နှာဖုံးတပ်ဆင်ခြင်းမရှိဘဲ အရင်ဆုံး ဘန်ကောက် လတ်ဖရောက်နယ်မြေရှိ 7-Eleven ကုန်စုံဆိုင်ကိုဝင်ရောက်ပြီး ဆိုင်ဝန်ထမ်းကို ပစ်ခတ်လို့ ဝန်ထမ်းက ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ 

အဲဒီနောက် အဖြူရောင်အီဇူးစူးကားကို မောင်းနှင်ပြီး ပထုန်ဌာနီမြို့က ကိုဗစ်-၁၉ လူနာတွေအတွက် ယာယီတည်ဆောက်ထားတဲ့ ဆေးရုံထဲ ဝင်ရောက်ပစ်ခတ်ရာမှာ  ကိုဗစ်-၁၉ လူနာ ၁ ဦးထိမှန်သေဆုံးပြီး  ဆေးရုံမှန်ပြတင်းနဲ့ ပရိဘောဂတွေထိမှန်ပျက်စီးခဲ့ပါတယ်။ 

အဲဒီနောက်သူဟာ ပြန်ထွက်လာပြီး ကားနဲ့ထွက်ပြေးသွားလို့ တာဝန်ရှိသူတွေက အပူတပြင်း လိုက်လံရှာဖွေခဲ့ကြပါတယ်။ သူဟာ မျက်နှာဖုံးကွယ်ထားခြင်းမရှိတာကြောင့် ဘယ်သူဘယ်ဝါ ဆိုတာကို နာရီပိုင်းအတွင်းမှာဘဲ  တာဝန်ရှိသူတွေက စုံစမ်းသိရှိခဲ့ပါတယ်။

အဆိုပါ သေနတ်သမားဟာ အသက် ၂၃ နှစ်ရွယ်ရှိ နိုင်းကဝင်းဆိုင်နင်းကွန်း ဆိုသူ ကြည်းတပ်လေ့ကျင့်ရေးသင်တန်းသားတစ်ဦးဖြစ်ခဲ့ဖူးပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက တပ်ကနေထွက်သွားပြီလို့ မိခင်တပ်ရင်းက ပြောပါတယ်။

သူ့ရဲ့မိခင်ကတော့ သားဖြစ်သူမှာ စိတ်ကျရောဂါဖြစ်နေတယ်လို့ ထွက်ဆိုထားပါတယ်။  လောလောဆယ် သူ့ကားကို ချွန်းဖွန်းခရိုင်မှာ တွေ့ရှိထားပြီး ထိုင်းတောင်ပိုင်းဘက်ကို တာစူမောင်းနှင်နေကြောင်း၊ ဒါကြောင့် တာဝန်ရှိသူတွေက သက်ဆိုင်ရာကို ချိတ်ဆက်သတင်းပို့ထားသလို လုပ်သားပြည်သူတွေအနေနဲ့လည်း အဆိုပါသေနတ်သမားကို တွေ့ရှိက နီးစပ်ရာ ရဲစခန်းနဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားဖို့ ကြေညာထားပါတယ်။ 

11 mins Ago

February 10, 2020

ထိုင်းစစ်သား ပစ်ခတ်မှုကြောင့် ၂၉ ဦး သေဆုံး၊ ၅၇ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ နခွန် ရတ်ချာစီမာခရိုင်မှာ စစ်သားတယောက်က လူအုပ်ကို ရမ်းကား ပစ်ခတ်ခဲ့လို့ လူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအတွက် ဖေဖော်ဝါရီ ၉ ရက်မှာ ဆုတောင်းပွဲကို လူထောင်ချီ တက်ရောက်ပါတယ်။ ဘုန်းတော်ကြီးတွေက ဦးဆောင်တဲ့ ဆုတောင်းပွဲမှာ သေဆုံးသူတွေအတွက် ပန်းဖြူတွေကို လူတွေက ချထားခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ Terminal 21 Shopping Centre ထဲမှာ ရှိနေသူတွေပါ။ ပစ်ခတ်သူဟာ သူ့စစ်စခန်းကနေ ခိုးယူလာတဲ့ လက်နက်ခဲယမ်းတွေနဲ့ တိုက်ခိုက်ရေး ရိုင်ဖယ်တို့နဲ့အတူ ညလုံးပေါက် ခိုအောင်းပစ်ခတ်ခဲ့ပါတယ်။ စစ်သားဟာ သူ့အထက်အရာရှိရဲ့အိမ်မှာ ပစ်ခတ်အပြီး စစ်စခန်းထဲ ဝင်ရောက်ခဲ့ပြီးမှ ကုန်တိုက်တန်းထဲ ဝင်ခဲ့တာပါ။ ကုန်တိုက်တန်းထဲမှာ ပစ်ခတ်သတ်ဖြတ်မှုဟာ စနေမွန်းလွဲ ၃ နာရီက စခဲ့တာပါ။ အထူးတပ်ဖွဲ့ဝင် စစ်သည် ဂျတ်ကရာဖှန် သန်မာကို ကုန်တိုက်တန်း မြေအောက်ခန်းမှာ ဖေဖော်ဝါရီ ၉ ရက်မနက် ရောက်မှ အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ပစ်ခတ်သူဟာ တိုက်ခိုက်နေချိန်မှာပဲ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ စာတွေ ရေးတင်ခဲ့ပါသေးတယ်။ သူဟာ အထက်အရာရှိရဲ့ ဆွေမျိုးတယောက် ပါဝင်ပတ်သက်နေတဲ့ မြေယာ အရောင်းအဝယ်အပေါ် ဒေါသထွက်ခဲ့တယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။
1 year Ago
Up