close

ထိုင်းဘုရင့်သမီးတော်

close

December 23, 2022

ထိုင်းဘုရင့်သမီးတော် နာမကျန်းသဖြင့် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ မကျင်းပရန် မေတ္တာရပ်ခံ

ထိုင်းနိုင်ငံမှာ ဘုရင်မဟာဝဇီရာလောင်ကွန်းရဲ့ သမီးတော် ဖတ်ချ်ရကီသီယာဖား သတိမေ့ပြီး နာ မကျန်းဖြစ်နေတဲ့အတွက် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးကာလမှာ ပျော်ပွဲရွှင်ပွဲတွေ မကျင်းပကြဘဲ သမီးတော်ပြန်လည်ကျန်းမာလာဖို့ ဆုတောင်းတာ၊ ကုသုလ်ပြုတာတွေသာ ဆောင်ရွက်ကြဖို့ ထိုင်းပညာရေးဝန်ကြီးဌာနက လက်အောက်ခံ ပညာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာတွေကို မေတ္တာရပ်ခံထားပါတယ်။

ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်တဲ့ ပညာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံ့ဥသျှောင်ဘုရင်ကြီးရဲ့ သမီးတော်အား လေးစားကြည်ညိုမှုကို ပြသတဲ့အနေနဲ့လည်းကောင်း၊ သမီးတော်ပြန်လည်နေကောင်းကျန်းမာစေဖို့ ဆန္ဒပြုတဲ့ အနေနဲ့လည်းကောင်း အောက်ပါအချက် ၅ ချက်ကို လိုက်နာဆောင်ရွက်ဖို့ ဖော်ပြထားပါတယ်။

ပညာရေးဝန်ကြီးဌာနလက်အောက်ခံ ပညာသင်ကျောင်းတွေ၊ ရုံးဌာနတွေအနေနဲ့ မိမိအဆောက်အအုံမှာ သမီးတော်အားဂါရဝပြုတဲ့ နေရာစီစဉ်ထားဖို့ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေက ဦးဆောင်ပြီး ကိုးကွယ်ရာဘာသာအလိုက် ဝတ်ပြုဆုတောင်းဖို့၊ သမီးတော်ကျန်းမာစေရေး ရည်စူးပြီး စုပေါင်းသွေးလှူဖို့၊ သံဃာတော်တွေကို ဆွမ်းလောင်းတာ အစရှိသော သင့်လျော်တဲ့ ကောင်းမှုကုသိုလ်အလှူအတန်းပြုဖို့၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပတာ ရှောင်ကြဉ်ကြဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။ 

အဆိုပါကြေညာချက်ကို ပညာရေးဝန်ကြီးဌာန ကိုယ်စား ဒုတိယအမြဲတမ်းအတွင်းဝန် နိုင်းဖိချိတ် ဖိုးထိဖတ်ဒီက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ် ။ 

နိုင်ငံခြားခရီးသွားဧည့်သည်အလာများတဲ့ ချွန်းပူးရီးခရိုင်မှာလည်း  ၂၀၂၂ ဒီဇင်ဘာ ၃၁ နဲ့ ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့ ပတ္တယားကမ်းခြေမှာ နာမည်ကြီးတီးဝိုင်း အဆိုတော်တွေနဲ့  ကျင်းပဖို့ပြင်ဆင်ထားတဲ့ နှစ်သစ်ကူးပွဲတော်  Bangsaen Countdown 2023 ကိုလည်း ရုပ်သိမ်းလိုက်ကြောင်း ချွန်းပူးရီးမြူနီစီပါယ်ရုံးက ဒီဇင်ဘာ ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

သမီးတော် ဖတ်ချ်ရကီသီယာဖား ( ၄၄ နှစ် ) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းက ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်ရှိ ထိုင်းတော်ဝင်တပ်မတော် လေ့ကျင့်ရေး စခန်းတစ်ခုမှာ ခွေးလိမ္မာလေ့ကျင့်ရင်း ရုတ်တရက် သတိလစ်မေ့မျောသွားခဲ့တာ ဖြစ်ပါတယ်။ 

သမီးတော်ကျန်းမာရေးနဲ့ပတ်သက်လို့ နန်းတွင်းသမားတော်တွေ အတတ်နိုင်ဆုံး ကြိုးစားကုသနေတဲ့အကြောင်းသာ ထုတ်ပြန်ထားပြီး သမီးတော်သတိပြန် ရတယ် မရဘူးဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ထိုင်းလူမှုကွန်ရက်သတင်းတွေမှာတော့ သမီးတော်ဟာဖြစ်တဲ့နေ့ကတည်းက သတိမေ့နေတာဖြစ်ပြီး လေ့ကျင့်ရေးကွင်းထဲမှာ အသက်ရှူဖို့ ပြန်လုပ်ရင်းက နံရိုးကျိုးသွားခဲ့ သေးကြောင်း၊ လက်ရှိအောက်စီဂျင်စက်နဲ့သာ အသက်ရှူနေရတယ်လို့ ရေးသားဖော်ပြ နေကြပါတယ်။ 

သမီးတော်ဟာ လက်ရှိဘုရင် အိမ်ရှေ့မင်းသားဘဝက ပထမဆုံးလက်ထပ်ခဲ့တဲ့ ဇနီးနဲ့ ရတဲ့ သမီးဖြစ်ပြီး နန်းတွင်းထုံးတမ်းစဉ်လာအရ ရာဇပုလ္လင်ဆက်ခံခွင့်ရှိသူ ဖြစ်ပါတယ်။ 

သမီးတော်ဟာ အမေရိကန်နိုင်ငံကနေ ဥပဒေဘာသာအဓိကနဲ့ ဘွဲ့ရပြီး တရားသူကြီးတစ်ဦး လည်းဖြစ်ခဲ့ပါတယ်။ လူတန်းစားမရွေး လေးစားဖော်ရွေစွာ ဆက်ဆံတတ်ပြီး လူငယ်တွေကိုလည်း နားလည်သူဖြစ်လို့ သူဘုရင်မဖြစ်ခဲ့ရင် အခုဆန္ဒပြတောင်းဆိုနေတဲ့  ပုဒ်မ ၁၁၂ ကို ပြုပြင်ပြောင်းလဲမှာ အသေချာဘဲလို့လည်း သုံးသပ်နေကြပါတယ်။ 

ကိုးကား- DailyNews

13 hours Ago

December 16, 2022

သတိလစ်မေ့မြောသွားသည့် ထိုင်းဘုရင့်သမီးတော်အတွက် ဆုတောင်းပေးရန် နန်းတွင်းသံဃာ့ နာယကအဖွဲ့မိန့်ကြား

သတိလစ်မေ့မြောသွားတဲ့ ထိုင်းဘုရင့်သမီးတော် ပြန်လည်နေကောင်းကျန်းမာစေဖို့ ထိုင်းနိုင်ငံတဝန်း ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ သံဃာတော်တွေအနေနဲ့ နေ့စဉ် ဝတ်ပြုဆုတောင်းရွတ်ဖတ်သရဇ္စျယ်ကြဖို့ နန်းတွင်း သံဃာ့နာယကအဖွဲ့က မိန့်ကြားထားပါတယ်။ 

ဒါ့အပြင် ထိုင်းအမျိုးသား ကြည်းရေလေတပ်ဖွဲ့တွေကလည်း ဒီဇင်ဘာ ၁၅ ရက်နေ့ညမှာ ဆု တောင်း မေတ္တာပို့ခဲ့ကြပါတယ်။ 

လက်ရှိထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ သမီးတော်တပါးဖြစ်တဲ့ ဖတ်ချ်ရကီသီယာဖားဟာ ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲက ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင် ပတ် ချောင့်မြို့နယ်ရှိ ထိုင်းတော်ဝင်တပ်မတော်လေ့ကျင့်ရေးစခန်းတစ်ခုမှာ ခွေးလိမ္မာလေ့ကျင့်ရင်း ရုတ်တရက် သတိလစ်မေ့မျောသွားခဲ့တယ်လို့ ထိုင်းတော်ဝင်ပြန်တမ်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

သမီးတော်ဟာ ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်နေ့ထိ  နိုင်ငံတကာအဆင့် ခွေးလိမ္မာပြိုင်ပွဲ အတွက် လေ့ကျင့်နေစဉ် ရုတ်တရက်သတိမေ့လဲကျသွားတာလို့ ဆိုပါတယ်။

သမီးတော်ကို ပတ်ချောင့်ဆေးရုံမှာ ရှေးဦးသူနာပြုစုပြီး အနည်းငယ်သက်သာလာတော့ ဘန် ကောက် ထိုင်းကြက်ခြေနီအသင်း ကျူလာလောင်ကွန်းဆေးရုံကြီးမှာ အနီးကပ်ပြုစုစောင့် ရှောက် နေတယ်လို့ ဆိုပါတယ်။

မနေ့က ထိုင်းဘုရင်ကြီးနဲ့မိဖုရားဟာ သမီးတော်ကို သွားရောက်ကြည့်ရှုအားပေးခဲ့သလို ထိုင်းဝန်ကြီးချုပ်ပရာယုဒ်ကျန်အိုးချားလည်း ဒီဇင်ဘာ ၁၆ ရက်မှာ သွားရောက်ကြည့်ရှုအားပေးဖို့ရှိနေပါတယ်။

ဘန်ကောက်နေ တိုင်းသူပြည်သားတွေအနေနဲ့ သမီးတော်ကုသမှုခံယူနေတဲ့ ကျူလာလောင်ကွန်း ဆေးရုံ ဖူမိဆီရီမင်ဂလာအဆောင် ပထမထပ်ရှေ့မှာ ဒီဇင်ဘာ ၁၆ ရက်ကစလို့ နေ့စဉ် မနက် ၈ နာရီမှ ညနေ ၄ နာရီထိ လာရောက်ကာ ဆုတောင်းမေတ္တာပို့သခြင်းပြုလုပ်နိုင်တယ်လို့ ကျူလာလောင်ကွန်းဆေးရုံက ကြေညာထားပါတယ်။ 

သမီးတော် ဖတ်ချ်ရကီသီယာဖားဟာ လက်ရှိထိုင်းဘုရင်ကြီးရဲ့ ပထမဆုံးမိဖုရားက မွေးဖွားတဲ့ သမီးတော်ဖြစ်ပြီး ဒီနှစ်ထဲမှာ အသက် ၄၄ နှစ်ရှိပြီဖြစ်ပါတယ်။ 

1 week Ago
Up