close

ထိုင်းရေတပ်

close

December 23, 2022

ဆူခိုထိုင်း စစ်သင်္ဘောနစ်မြုပ်ခဲ့ရသည့် အကြောင်းရင်း ထိုင်းရေတပ် ထုတ်ဖော်ပြော

HTMS ဆူခိုထိုင်း စစ်သင်္ဘောနစ်မြုပ်ခဲ့တာဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတာနဲ့ တဆက်တည်း မုန်တိုင်းနဲ့ လှိုင်းလုံးကြီးတွေကြောင့် သင်္ဘောကို ရေဖုံးလွှမ်းသွားတာကြောင့် ဖြစ်ကြောင်း ထိုင်းစစ်တပ်ကျွမ်းကျင်သူတွေက တရုတ် CCTV ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က ရေတပ်သင်္ဘော ဆူခိုထိုင်းဟာ ရာသီဥတု ကောင်းမွန်လာချိန်ကို စောင့်ဆိုင်းဖို့ ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ပရာချွတ်ပ် ရေနက်ဆိပ်ကမ်းအနီးမှာ ကျောက်ချ ရပ်နားဖို့ ကြိုးစားခဲ့ပေမဲ့ ပြင်းထန်တဲ့ လှိုင်းလုံးတွေကြောင့် စစ်သင်္ဘော  နစ်မြုပ်သွားခဲ့တာပါ။

ပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေကြောင့် လျှပ်စစ်ဓာတ်အားပေးတဲ့စနစ်ထဲကို  ရေတွေဝင်ပြီး လျှပ်စစ်ဓာတ်အား ဆုံးရှုံးခဲ့ကာ သင်္ဘောထိန်းချုပ်မှုလည်း မရရှိတော့ကြောင်း ထိုင်းတော်ဝင်ရေတပ် (RTN) မှ ပြောကြားခဲ့ပါတယ်။

သင်္ဘောဟာ ခေတ်မီစစ်သင်္ဘောဖြစ်ပြီး၊ ဓာတ်အား ပြတ်တောက်သွားတာနဲ့ စနစ်တွေအားလုံး အလုပ်မလုပ်တော့ဘူးလို့ ထိုင်းနိုင်ငံ အမျိုးသားကာကွယ်ရေး ကောလိပ် ဥက္ကဋ္ဌဟောင်း  က ပြောပါတယ်။ 

ထိုင်းစစ်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေဟာ ကျန်ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၂၃ ဦးကို ကယ်ဆယ်ဖို့ နာရီနဲ့အမျှ လုပ်ဆောင်နေကြောင်း ထိုင်းတော်ဝင်ရေတပ် (RTN) က ဗုဒ္ဓဟူးနေ့မှာ ပြောကြားထားပါတယ်။ 

12 mins Ago

August 10, 2022

အင်ဂျင်ပြောင်းတရုတ်ရေငုပ်သင်္ဘော ထိုင်းရေတပ် ဝယ်ယူမည်

ထိုင်းအမျိုးသားရေတပ်မတော်ဟာ တရုတ်နိုင်ငံကနေ ရေငုပ်သင်္ဘော ၂ စီးဝယ်ယူဖို့ မနှစ်ကတည်းက သဘောတူထားခဲ့ပေမဲ့ အင်ဂျင်စက် အပြောင်းအလဲကြောင့် ဆိုင်းငံ့ထားခဲ့ပါတယ်။

အဆိုပါရေငုပ်သင်္ဘောရဲ့ အင်ဂျင်မှာ မူလက ဂျာမနီနိုင်ငံထုတ် MTU 396 လို့ ပြောထားပေမဲ့ နောက်တော့ တရုတ်ဘက်က အင်ဂျင်ပြောင်းမယ်ဆိုလို့ ဆိုင်းငံ့ထားကြောင်း၊ ဒီကြားထဲမှာ တရုတ်အင်ဂျင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ တောင်းထားရာမှာ မနေ့ကတော့ တရုတ် ရေငုပ်သင်္ဘောကုမ္ပဏီ CSOC တာဝန်ရှိသူက ထိုင်းရေတပ်နဲ့ လာရောက်တွေ့ဆုံခဲ့တယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

CSOC က သူတို့ထည့်ပေးမယ့် CHD620 အမျိုးအစားအင်ဂျင်မှာ MTU 396 လိုပဲ အရည်အသွေးတူညီကြောင်း လာရောက်ရှင်းပြသွားလို့  ဝယ်ယူဖို့ လမ်းကြောင်းပြန်ပေါ်လာတယ်လို့ ထိုင်းရေတပ်ပြောခွင့်ရ ရေတပ်ဒုဗိုလ်ချုပ် ပိုခလောင်းမွန်းထပ်ဖလင်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့လည်း CHD620 ကို စစ်ဆေးဖို့ ရေငုပ်သင်္ဘောဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ကော်မတီဖွဲ့ပြီး ထပ်မံစစ်ဆေးမှာဖြစ်ကြောင်း၊ သုံးသပ်ချက်တွေဟာ လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ ထွက်လာမယ်လို့ ရေတပ်ပြောခွင့်ရက ဆိုပါတယ်။

ထိုင်းရေတပ်က ပြည်သူ့ဘဏ္ဍာငွေနဲ့ ရေငုပ်သင်္ဘောဝယ်ယူမယ့်ကိစ္စကို စစ်အာဏာရှင် ဆန့်ကျင်ရေးအုပ်စုနဲ့ အတိုက်အခံပါတီဘက်က ကန့်ကွက်ထားတဲ့ကြားထဲ အော်ရဂျင်နယ်မဟုတ်တဲ့ တရုတ်ဖြစ် အင်ဂျင်ကိုပါ ဝယ်ယူဖို့ ထပ်စဉ်းစားတဲ့အပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေလည်း ပေါ်ထွက်နေပါတယ်။

ကိုးကား - khaosod.co

4 months Ago
Up