close

ထောင်ဆူ

close

May 10, 2022

အီကွေဒေါတွင် ထောင်ဆူမှုကြောင့် ၄၃ ဦး သေဆုံး

အီကွေဒေါနိုင်ငံ ဆန်တိုဒိုမင်ဂိုမြို့က အကျဉ်းထောင်မှာ မေ ၉ ရက်နေ့ မနက်စောစောပိုင်းက ထောင်ဆူမှုဖြစ်ပြီး လူ ၄၃ ယောက် သေဆုံးသွားတယ်လို့ အစိုးရက ပြောပါတယ်။

ဒါဟာ ထောင်ဆူပူမှု ဖြစ်လေ့ဖြစ်ထရှိတဲ့ အီကွေဒေါနိုင်ငံမှာ လူသေဆုံးမှုများတဲ့ အဖြစ်အပျက်တခုပါ။ 

အကျဉ်းသား ၁၀၈ ယောက် ထောင်ဖောက်ထွက်ပြေးသွားခဲ့ပြီး ၁၁၂ ယောက်ကို ပြန်ဖမ်းမိခဲ့ တယ်လို့ ပြည်ထဲရေးဝန်ကြီး ပက်ထရီ စီယို ကာရေလိုက သတင်းထောက်တွေကို ပြောပါတယ်။

ဂိုဏ်းခေါင်းဆောင်တယောက် ထောင်ထဲကို ပြောင်းရွှေ့လာပြီးတဲ့နောက်မှာ အခုလို ဆူပူမှု ဖြစ်ရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသွားသူတွေအများစုဟာ ဓားထိုးခံရတာပါ။ 

ထောင်ဆူပူမှုဖြစ်ပြီးနောက် အကျဉ်းသားတွေရဲ့မိသားစုတွေလည်း ထောင်ရှေ့မှာ စုရုံးလာကြ ပါတယ်။ 

အီကွေဒေါနိုင်ငံက အကျဉ်းထောင်တွေမှာ ဒီလို အဓိကရုဏ်းတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

မနှစ်တုန်းက နိုင်ငံတဝှမ်းလုံးက အကျဉ်းထောင်တွေမှာဖြစ်ခဲ့တဲ့ ဒီလို ရန်ပွဲတွေကြောင့် အကျဉ်းသား ၃၁၆ ယောက်သေဆုံးခဲ့ရပါတယ်။

5 mins Ago

April 12, 2020

ဘိုလီးဗီးယားတွင် ထောင်ဆူပူမှုဖြစ်

ဘိုလီးဗီးယားနိုင်ငံတောင်ပိုင်းက ထောင်တခုမှာ အကျဉ်းသားတွေက ထောင်တွင်းက လူတွေအတွက် မျက်နှာဖုံးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ တောင်းဆိုရာက ဧပြီ ၁၁ ရက်မှာ ထောင်တွင်းဆူခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။  ဗွီဒီယိုပုံရိပ်တွေအရ  အိုရူရိုမြို့အကျဉ်းထောင်က ထောင်သားတွေဟာ အကျဉ်းထောင် အဆောက်အအုံထိပ်ကို တက်ခဲ့ပြီး အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ကလည်း ဆူပူနေသူတွေ လူစု ကွဲအောင် မျက်ရည်ယိုဗုံးအသုံးပြု ဖြိုခွဲခဲ့ပါတယ်။  ဒေသခံသတင်းတွေအရတော့ ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ထောင်သားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တယ် ဆိုပါတယ်။  ဘိုလီးဗီးယားမှာ အကျဉ်းထောင်တွေက လူပြည့်ကျပ်နေပြီး ထောင်တွင်းအခြေအနေက လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖို့ လွယ်နေတယ်လို့ ထောင်သားတွေက ဆိုပါတယ် ။  အစိုးရကတော့ အမှုသေးတဲ့အကျဉ်းသားတွေကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး မပြန့်အောင် ထိန်းချုပ်ရေးအစီအစဉ်အရ ပြန်လွှတ်ပေးမယ်လို့ ဒီအပတ်ထဲကြေညာထားပါတယ် ။  ဘိုလီးဗီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၂၇၅ ဦးထက်မနည်း ရှိနေပြီး ကူးစက်ခံအယောက်၂၀ သေဆုံးထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
2 years Ago
Up