အီကွေဒေါတွင် ထောင်ဆူမှုကြောင့် ၄၃ ဦး သေဆုံး

အီကွေဒေါနိုင်ငံ ဆန်တိုဒိုမင်ဂိုမြို့က အကျဉ်းထောင်မှာ မေ ၉ ရက်နေ့ မနက်စောစောပိုင်းက ထောင်ဆူမှုဖြစ်ပြီး လူ ၄၃ ယောက် သေဆုံးသွားတယ်လို့ အစိုးရက ပြောပါတယ်။
ဒါဟာ ထောင်ဆူပူမှု ဖြစ်လေ့ဖြစ်ထရှိတဲ့ အီကွေဒေါနိုင်ငံမှာ လူသေဆုံးမှုများတဲ့ အဖြစ်အပျက်တခုပါ။
အကျဉ်းသား ၁၀၈ ယောက် ထောင်ဖောက်ထွက်ပြေးသွားခဲ့ပြီး ၁၁၂ ယောက်ကို ပြန်ဖမ်းမိခဲ့ တယ်လို့ ပြည်ထဲရေးဝန်ကြီး ပက်ထရီ စီယို ကာရေလိုက သတင်းထောက်တွေကို ပြောပါတယ်။
ဂိုဏ်းခေါင်းဆောင်တယောက် ထောင်ထဲကို ပြောင်းရွှေ့လာပြီးတဲ့နောက်မှာ အခုလို ဆူပူမှု ဖြစ်ရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသွားသူတွေအများစုဟာ ဓားထိုးခံရတာပါ။
ထောင်ဆူပူမှုဖြစ်ပြီးနောက် အကျဉ်းသားတွေရဲ့မိသားစုတွေလည်း ထောင်ရှေ့မှာ စုရုံးလာကြ ပါတယ်။
အီကွေဒေါနိုင်ငံက အကျဉ်းထောင်တွေမှာ ဒီလို အဓိကရုဏ်းတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
မနှစ်တုန်းက နိုင်ငံတဝှမ်းလုံးက အကျဉ်းထောင်တွေမှာဖြစ်ခဲ့တဲ့ ဒီလို ရန်ပွဲတွေကြောင့် အကျဉ်းသား ၃၁၆ ယောက်သေဆုံးခဲ့ရပါတယ်။