close

ထောင်ဒဏ် ၇ နှစ်

close

December 3, 2022

ထားဝယ်ထောင်က နှစ်ရှည်နိုင်ငံရေးအကျဥ်းသား ၁ ဦး ထောင်ဒဏ် ၇ နှစ်ထပ်ချခံရ

တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၄၁ နှစ် ကျခံနေရတဲ့  နိုင်ငံရေးအကျဥ်းသား ကိုရာဇာထွန်းကို ဒီဇင်ဘာ ၁ ရက်မှာ ထားဝယ်ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်တယ်လို့  ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN ကနေ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ကိုရာဇာထွန်းဟာ လူသတ်မှုကျူးလွန်ရာမှာ ကူညီတယ်လို့ဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၄၄ အရ အခုလို ထပ်မံထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ထားဝယ်မြို့အနှံ့ အသံဗုံးတွေ ဖောက်ခွဲတယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရေးမတဦးနဲ့ တခြားအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံခဲ့ရတဲ့ ကိုရာဇာထွန်းကို အောက်တိုဘာ ၅ ရက်ကလည်း တခြားနိုင်ငံရေးအကျဥ်းသား ၃ ဦးနဲ့အတူ ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၄၊ ပုဒ်မ ၃၀၂/၃၄ တို့နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါသေးတယ်။

ထားဝယ်မြို့ ဥသရံရပ်ကွက်နေ ကိုရာဇာထွန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်လောက်မှာ စစ်ကောင်စီက ဖမ်းဆီးခံခဲ့ကာ အနည်းဆုံး ပုဒ်မ ၈ ခုလောက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အခုဆိုရင် စုစုပေါင်းထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ခံထားရပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းအထိ အမြင့်ဆုံးချမှတ်ခံထားရတဲ့ အမျိုးသား နှစ်ယောက်ရှိပြီး ကိုရာဇာထွန်းကတော့ ထောင်ဒဏ်တတိယအများဆုံး ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးအပတ်လောက်ကလည်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ အင်အယ်လ်ဒီအစိုးရလက်ထက် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက ပုဒ်မ ၂ ခုနဲ့ ထပ်တိုး အမှုဖွင့်ခဲ့ပါသေးတယ်။

27 mins Ago

July 31, 2020

သရုပ်ဆောင်သီဟတင်စိုးကို လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူအမျိုးသမီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မမှန်မကန်လိမ်လည်တိုင်တန်း လျော်ကြေးတောင်းခဲ့တဲ့ အိမ်အကူ ဒေါ်ခင်မာမြင့်ကို ထောင်ဒဏ် ၇ နှစ်ကျခံဖို့ တရားရုံးက  အမိန့်ချမှတ်လိုက်ပါတယ်။ နစ်နာစေဖို့ရည်ရွယ်ချက်နဲ့ ပြစ်မှုကျူးလွန်တယ်ဆိုပြီး မမှန်မကန်စွပ်စွဲခြင်း ပုဒ်မ ၂၁၁ နဲ့ ထောင်ဒဏ် ၂ နှစ်၊ ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်ဖို့ တစ်ဦးတစ်ယောက်အား ပြစ်မှုတခုနဲ့ စွပ်စွဲမယ်လို့ ကြောက်အောင်ပြုခြင်း ပုဒ်မ ၃၈၉ နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံဖို့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဇူလိုင် ၃၀ ရက်မှာ  အမိန့်ချခဲ့တာပါ။ အဲ့ဒီအမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့  ပွဲစားအမျိုးသမီးတစ်ဦးကိုလည်း ပုဒ်မ ၃၈၉ နဲ့ ထောင်ဒဏ် ၅ နှဏ်ကျခံဖို့  အမိန့်ချမှတ်ခဲ့ပါတယ်။  သရုပ်ဆောင်သီဟတင်စိုးအိမ်မှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်တဲ့ ဒေါ်ခင်မာမြင့်က သူ့ကို သီဟတင်စိုးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မမှန်မကန်  အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ အိမ်အကူနဲ့ပွဲစားက လိမ်လည်တိုင်တန်းခဲ့တယ်ဆိုတာကို ရက်ပိုင်းအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီး ပြန်လည်တရားစွဲဆို ခံခဲ့ရတာဖြစ်ပါတယ်။   
2 years Ago
Up