close

ဒရုန်းပရောဂျက်

close

January 18, 2023

နဂါးနီစစ်ကြောင်းအတွက် ဒရုန်းပရောဂျက်ကမ်ပိန်း အောင်မြင်

ကရင်ပြည်နယ်အခြေစိုက် နဂါးနီစစ်ကြောင်းအတွက် လိုအပ်နေတဲ့ ဒရုန်းရရှိဖို့ ပရောဂျက်ကမ်ပိန်း ပြုလုပ်ပြီး ပြည်သူတွေဆီကနေ အလှူငွေကောက်ခံခဲ့ရာမှာ ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီကမ်ပိန်းကို ဒီဇင်ဘာ ၃ ရက်ကနေ ဇန်နဝါရီ ၄ ရက်နေ့အထိ တလတိတိ ပြုလုပ်ခဲ့တာဖြစ်ပြီး လိုအပ်နေတဲ့ငွေ ကျပ် သိန်း ၃၄၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ထောက်ပံ့ငွေရရှိဖို့ ရွှေသား အပါအဝင် ပယင်းနဲ့ အလှစီထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်ချီကားကို ကဲစမ်းမဲလက်မှတ်ပြုလုပ်ကာ ရောင်းချခဲ့ပြီး ငွေထုတ်ယူတဲ့လမ်းကြောင်း ခက်ခဲတဲ့အတွက် ဇန်နဝါရီ ၁၇ ရက်နေ့မှပဲ ငွေတွေကို လက်ခံရရှိခဲ့လို့ ပြည်သူတွေကို အသိပေးနောက်ကျခဲ့တဲ့အတွက် အနူးအညွတ် တောင်းပန်တယ်လို့လည်း တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒရုန်းပရောဂျက်အတွက် ကံစမ်းမဲအစောင်ရေ ၄,၀၀၀ ရောင်းချခဲ့ရပြီး လက်မှတ်တစောင်ကို မြန်မာငွေ ၁၀,၀၀၀၊ ဘတ်ငွေ ၁၂၀ နဲ့ ရောင်းချခဲ့တာဖြစ်ကာ လက်မှတ်ဝယ်ယူအားပေးတဲ့ တဦးချင်းစီကိုလည်း ကျေးဇူးတင်သလို စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ပြည်သူတွေအနေနဲ့လည်း ဆက်လက်ကူညီပေးဖို့ နဂါးနီစစ်ကြောင်းက တိုက်တွန်းထားပါတယ်။

အခုနှစ် ဇန်နဝါရီလဆန်းပိုင်းက နဂါးနီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ဌာနချုပ် ၃ ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော်ဘားတိုက်၊ အရာရှိအဆောက်အအုံ၊ မော်တော်ယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်သား ၄၅ ဦးကို သေကျေ ဒဏ်ရာရရှိစေခဲ့တယ်လို့ ဇန်နဝါရီ ၉ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

13 mins Ago

September 14, 2022

PDF Kalay တပ်ရင်း ၁၂ ၏ ဒရုန်းပရောဂျက် သတ်မှတ်နှုန်းထက် ကျော်လွန်အောင်မြင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေးခရိုင် အမှတ် ၁၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay တပ်ရင်း ၁၂) က ဒရုန်းပရောဂျက်အတွက် ဩဂုတ် ၁၃ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ တလအတွင်း ကျပ် ၂၆၅ သိန်း ကောက်ခံရရှိရေး လှုပ်ရှားမှုအဖြစ် ပရောဂျက် စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

အဆိုပါပရောဂျက်ဟာ စက်တင်ဘာ ၁၃ ရက် မနေ့က တလပြည့်မြောက်ကာ လှုပ်ရှားမှုကာလ ပြီးမြောက်ခဲ့ပြီး ပြည်တွင်းပြည်ပမှ ပြည်သူများရဲ့ ပူးပေါင်းပါဝင်ထောက်ပံ့မှုကြောင့် မျှော်မှန်းငွေကျပ် ၂၆၅ သိန်းကို ကျော်လွန်ကာ ကျပ် ၃၂၄ သိန်းအထိ ကောက်ခံရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၂၀ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တာလို့ ကလေး PDF တပ်ရင်း ၁၂ တာဝန်ခံက ပြောပါတယ်။

“ကျနော် ပရောဂျက်အစောပိုင်းက သိန်း ၁၈၀ ပဲ မျှော်မှန်းပြီး လုပ်ဆောင်ခဲ့ကြတာ။ ပရောဂျက် ၁၅ ရက်ပြည့်တဲ့နေ့မှာ ထပ်မံအရှိန်မြှင့်ပြီး ၂၆၅ သိန်းကျပ်အထိ လုပ်ဆောင်လိုက်ကြတာ။ ပရောဂျက်က ထင်မထားလောက်‌အောင် အောင်မြင်သွားတဲ့အတွက် ရရှိတဲ့ငွေတွေကို တော်လှန်ရေးအတွက် အသုံးချသွားမှာပါ။”

ပရောဂျက်အောင်မြင်ဖို့ အစွမ်းကုန် ပါဝင်ပေးကြတဲ့ ပြည်သူတွေကို “တလအတွင်း ရည်မှန်းချက်ရဲ့ ၁၂၀ ရာခိုင်နှုန်းအထိ ကျော်လွန်အောင်မြင်သွားအောင် စွမ်းစွမ်းတမံ ပါဝင်ထောက်ပို့ပေးခဲ့ကြသော မိဘပြည်သူများအားလုံးကို အထူးပင် ကျေးဇူးဥပကာယ တင်ရှိပါကြောင်း” တပ်ရင်း ၁၂ က ကျေးဇူးတင်စကား ဆိုထားပါတယ်။

ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၂ ဟာ တခြားမဟာမိတ်အဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို မြေပြင်မှာ လက်တွေ့ တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

4 months Ago
Up