ဂျူဗင်တပ်စ်အသင်းရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဟာ သူ့ရဲ့အမှားတွေကြောင့်ဖြစ်ပြီး အားလုံးကို တောင်းပန်တယ်လို့ ဒီမာရီယာက ပြောပါတယ်။
ဂျူဗင်တပ်အသင်းဟာ နောက်ဆုံး ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တာကြောင့် မွန်ဇာနဲ့ပွဲစဉ်ဟာ အနိုင်သုံးမှတ်ရဖို့ အရေးပါခဲ့တာပါ
ဒါပေမဲ့ ပွဲချိန်မိနစ် ၄၀ မှာ တောင်ပံကစားသမား ဒီမာရီယာထုတ် ပယ်ခံခဲ့ရပြီးနောက် ဒုတိယပိုင်း ပွဲချိန် ၇၅ မိနစ်မှာ အနိုင်ဂိုးပေးလိုက်ရပြီး တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးပွဲတွေ့ခဲ့ရတာပါ။ အသင်းရဲ့ရှုံးပွဲနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုအပ်ဘဲ မိမိရဲ့အမှားတွေကြောင့်သာဖြစ် ကြောင်း၊မွန်ဇာနဲ့ပွဲက မသင့်လျော်တဲ့ဖြစ်ရပ်အတွက် အားလုံးကိုတောင်းပန်လိုကြောင်း ဒီမာရီယာက သူ့ရဲ့အင်စတာဂရမ်ကနေတဆင့် ပြောပါတယ်။
ဒီမာရီယာက “တစ်ယောက်လျော့နဲ့ အသင်းကိုထားရစ်ခဲ့ရတာက ပွဲကို အလှည့်အပြောင်းဖြစ်စေပြီး ခက်ခဲစေခဲ့တယ်။ ရှုံးပွဲက ကျနော့်အမှားတွေကြောင့်ပါပဲ။ စိတ်မကောင်းပါဘူး။ ပရော်ဖက်ရှင်နယ်ကစားသမားဆိုပေမဲ့ တခါတလေမှာတော့ အမှားတွေပြုလုပ်မိခဲ့တယ်” လို့ ပြောပါတယ်။
အာဂျင်တီးနားတောင်ပံကစားသမားဟာ အခုနှစ်ရာသီကမှ ပီအက်စ်ဂျီကနေ ဂျူဗင်တပ်စ်အသင်းဆီ ရွှေ့လာခဲ့သူဖြစ်ပါတယ်။
နိုင်ငံအသင်းဖော် လီယွန်နယ်မက်ဆီနဲ့ ကလပ်အသင်းမှာ အတူကစားချင်တဲ့စိတ် အမြဲတမ်းဖြစ်ခဲ့ တယ်လို့ ပီအက်စ်ဂျီတောင်ပံကစားသမား ဒီမာရီယာက ပြောပါတယ်။
ဒီမာရီယာနဲ့ မက်ဆီတို့ဟာ အာဂျင်တီး နားအသင်းမှာ အတူတွဲဖက်ကစားခဲ့ကြပေမယ့် စပိန်လာလီဂါမှာတုန်းက ပြိုင်ဘက်တွေအနေနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။
ဒီမာရီယာက မက်ဒရစ်ကနေ မန်ယူ၊ ပီအက်စ်ဂျီအသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပြီး မက်ဆီကလည်း ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့လာတာကြောင့် အတူ တွဲဖက်ကစားရတော့မှာဖြစ်ပါတယ်။
တစ်လအတွင်းမှာ မက်ဆီနဲ့အတူ ကိုပါအမေရိကဖလားချန်ပီယံ ဆုရယူနိုင်ခဲ့သလို ကလပ်အသင်းမှာလည်း အတူကစားခွင့်ရမယ့် အခြေအနေက တခြားသူတွေထက်ပိုပြီး ပျော်ရွှင်ကျေနပ်စရာဖြစ်တယ်လို့ ဒီမာရီယာက ပြောပါတယ်။
ဒါ့အပြင် မက်ဆီပြောင်းရွှေ့လာပြီးနောက် တိုက်စစ်မှူး အမ်ဘာပေ ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်းနဲ့ အမ်ဘာပေက အသင်းမှာ ဆက်ရှိမယ်လို့ ဒီမာရီယာက ပြောပါတယ်။
အမ်ဘာပေက အသင်းတိုင်းက လိုချင်တဲ့ တိုက်စစ်မှူးဖြစ်ပေမယ့် လက်ရှိ အသင်းထက်ပိုကောင်းတဲ့ အသင်းမရှိတာကြောင့် ပြောင်းရွှေ့မှာမဟုတ်ကြောင်း ဒီမာရီယာက သုံးသပ်ခဲ့ပါတယ်။