ဂျူဗင်တပ်စ်ရှုံးပွဲ သူ့အမှားကြောင့်ဟု ဒီမာရီယာ တောင်းပန်စကားဆို

ဂျူဗင်တပ်စ်အသင်းရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဟာ သူ့ရဲ့အမှားတွေကြောင့်ဖြစ်ပြီး အားလုံးကို တောင်းပန်တယ်လို့ ဒီမာရီယာက ပြောပါတယ်။
ဂျူဗင်တပ်အသင်းဟာ နောက်ဆုံး ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တာကြောင့် မွန်ဇာနဲ့ပွဲစဉ်ဟာ အနိုင်သုံးမှတ်ရဖို့ အရေးပါခဲ့တာပါ
ဒါပေမဲ့ ပွဲချိန်မိနစ် ၄၀ မှာ တောင်ပံကစားသမား ဒီမာရီယာထုတ် ပယ်ခံခဲ့ရပြီးနောက် ဒုတိယပိုင်း ပွဲချိန် ၇၅ မိနစ်မှာ အနိုင်ဂိုးပေးလိုက်ရပြီး တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးပွဲတွေ့ခဲ့ရတာပါ။ အသင်းရဲ့ရှုံးပွဲနဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုအပ်ဘဲ မိမိရဲ့အမှားတွေကြောင့်သာဖြစ် ကြောင်း၊မွန်ဇာနဲ့ပွဲက မသင့်လျော်တဲ့ဖြစ်ရပ်အတွက် အားလုံးကိုတောင်းပန်လိုကြောင်း ဒီမာရီယာက သူ့ရဲ့အင်စတာဂရမ်ကနေတဆင့် ပြောပါတယ်။
ဒီမာရီယာက “တစ်ယောက်လျော့နဲ့ အသင်းကိုထားရစ်ခဲ့ရတာက ပွဲကို အလှည့်အပြောင်းဖြစ်စေပြီး ခက်ခဲစေခဲ့တယ်။ ရှုံးပွဲက ကျနော့်အမှားတွေကြောင့်ပါပဲ။ စိတ်မကောင်းပါဘူး။ ပရော်ဖက်ရှင်နယ်ကစားသမားဆိုပေမဲ့ တခါတလေမှာတော့ အမှားတွေပြုလုပ်မိခဲ့တယ်” လို့ ပြောပါတယ်။
အာဂျင်တီးနားတောင်ပံကစားသမားဟာ အခုနှစ်ရာသီကမှ ပီအက်စ်ဂျီကနေ ဂျူဗင်တပ်စ်အသင်းဆီ ရွှေ့လာခဲ့သူဖြစ်ပါတယ်။