close

ဒီမိုကရက်

close

January 17, 2022

သမ္မတဂျိုးဘိုင်ဒင်နှင့် ဒီမိုကရက်များကို မဲခိုး မဲလိမ်သူအဖြစ် ဒေါ်နယ်ထရမ့် စွပ်စွဲ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အရီဇိုးနားပြည်နယ် ဖလောရန့်စ်မြို့မှာ လူထုစုဝေးပွဲ တခု  ပြုလုပ်ပြီး သမ္မတဂျိုးဘိုင်ဒင်နဲ့ ဒီမိုကရက်ပါတီဝင်တွေကို ၂၀၂၀ ရွေးကောက်ပွဲ မဲခိုး မဲလိမ်သူတွေအဖြစ် ပြင်းပြင်းထန်ထန် စွပ်စွဲ အပုပ်ချ ပြောဆိုခဲ့တယ်။

ထရမ့်က “နိုဝင်ဘာ ၃ ရက် မဲခိုးခဲ့တဲ့ ရွေးကောက်ပွဲကို ဘာကြောင့် စုံစမ်းစစ်ဆေးမှု မလုပ်ကြတာလဲ၊ ပြန်မစစ်ဘူးဆိုရင် လွတ်လပ်မျှတတဲ့ ဒီမိုကရေစီလည်း ရှိမှာမဟုတ်ဘူ။ ၂၀၂၁ ဇန်နဝါရီ ၆ ရက် ကွန်ဂရက်ထဲ လူတွေ ဝင်ရောက်စီးနင်းမှုဟာ ဒီမိုကရက်တွေ မဲခိုးတာကို ဆန့်ကျင်တာ၊ မီဒီယာအလိမ်အညာတွေကို ကာကွယ်တာ၊ ပြည်သူချစ်တဲ့ ရစ်ပတ်ဘလင်ကင် သမ္မတကို ကာကွယ်ကြတာပါ” လို့ ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ စွပ်စွဲမှုတွေ လှောင်ပြောင် အပုပ်ချမှုတွေကို သူ့အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ ပြည်နယ်အစိုးရတွေက အပြစ်တင်ခဲ့ပါတယ်။ 

10 mins Ago

August 12, 2020

ဒီမိုကရက်ဒုသမ္မတကိုယ်စားလှယ်လောင်းအဖြစ် ကမ်မရာဟဲရစ်ကို ရွေးချယ်

ဒီမိုကရက်ဒုသမ္မတကိုယ်စားလှယ်လောင်းအဖြစ် ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် ကမ်မရာဟဲရစ်ကို ဂျိုးဘိုင်ဒင်က သြဂုတ် ၁၁ ရက်မှာ ရွေးချယ်လိုက်ပါတယ်။  ဟဲရစ်ဟာ အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်း သမိုင်းမှာ ပါဝင်တဲ့ ပထမဆုံး လူမည်းအမျိုးသမီး   ဖြစ်လာတာပါ။ ဒါဟာ ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆက်တိုက်ဖို့ သင့်တော်တဲ့  တွဲဖက်တစ်ဦးကို   ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း ဘိုင်ဒန်က ရခဲ့တာပါ။  ဘိုင်ဒင်ရဲ့  တွစ်တာစာမျက်နှာမှာ   “အကြောက်အလန့်မဲ့စွာ တိုက်ခိုက်မယ့်  အတော်ဆုံး ပြည်သူ့ဝန်ထမ်းတွေထဲက တစ်ယောက်ဖြစ်တဲ့  ကမ်မရာဟဲရစ်ကို    သမ္မတကိုယ်စားလှယ်လောင်း တွဲဖက်အဖြစ်  ဂုဏ်ယူစွာ ကြေညာပါတယ်”လို့ ရေးသားခဲ့ပါတယ်။   ဒီမိုကရက်တွေရဲ့ သစ္စာအရှိဆုံး  မဲဆန္ဒနယ်မြေဖြစ်တဲ့  အာဖရိကန်-အမေရိကန်တွေရဲ့  ထောက်ခံမှုကို  ရရှိဖို့ ဟဲရစ်ကို အားထားရမှာပါ။ လွန်ခဲ့တဲ့ ၄ နှစ်က  နှစ်ပေါင်း ၂၀ အတွင်း  လူမည်းတွေ မဲပေးမှု ပထမဆုံးအကြိမ် ကျဆင်းခဲ့တာဟာ  ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်က ထရမ့်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
1 year Ago
Up