close

သမ္မတဂျိုးဘိုင်ဒင်နှင့် ဒီမိုကရက်များကို မဲခိုး မဲလိမ်သူအဖြစ် ဒေါ်နယ်ထရမ့် စွပ်စွဲ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အရီဇိုးနားပြည်နယ် ဖလောရန့်စ်မြို့မှာ လူထုစုဝေးပွဲ တခု  ပြုလုပ်ပြီး သမ္မတဂျိုးဘိုင်ဒင်နဲ့ ဒီမိုကရက်ပါတီဝင်တွေကို ၂၀၂၀ ရွေးကောက်ပွဲ မဲခိုး မဲလိမ်သူတွေအဖြစ် ပြင်းပြင်းထန်ထန် စွပ်စွဲ အပုပ်ချ ပြောဆိုခဲ့တယ်။

ထရမ့်က “နိုဝင်ဘာ ၃ ရက် မဲခိုးခဲ့တဲ့ ရွေးကောက်ပွဲကို ဘာကြောင့် စုံစမ်းစစ်ဆေးမှု မလုပ်ကြတာလဲ၊ ပြန်မစစ်ဘူးဆိုရင် လွတ်လပ်မျှတတဲ့ ဒီမိုကရေစီလည်း ရှိမှာမဟုတ်ဘူ။ ၂၀၂၁ ဇန်နဝါရီ ၆ ရက် ကွန်ဂရက်ထဲ လူတွေ ဝင်ရောက်စီးနင်းမှုဟာ ဒီမိုကရက်တွေ မဲခိုးတာကို ဆန့်ကျင်တာ၊ မီဒီယာအလိမ်အညာတွေကို ကာကွယ်တာ၊ ပြည်သူချစ်တဲ့ ရစ်ပတ်ဘလင်ကင် သမ္မတကို ကာကွယ်ကြတာပါ” လို့ ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ စွပ်စွဲမှုတွေ လှောင်ပြောင် အပုပ်ချမှုတွေကို သူ့အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ ပြည်နယ်အစိုးရတွေက အပြစ်တင်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up