close

ဒုက္ခသည်အရေး

close

August 28, 2022

ခိုလှုံရေးစင်တာရှိ ဒုက္ခသည်အရေးကိုင်တွယ်ဖြေရှင်းပေးရန် ဒတ်ချ်အစိုးရကို ဖိအားပေး

နယ်သာလန်နိုင်ငံအရှေ့မြောက်ပိုင်း ဂရိုနီအန်ပြည်နယ်ရှိ တဲယ်အာပဲလ်ခိုလှုံရေးစင်တာမှာ ဒုက္ခသည်တွေအပေါ် လူမဆန်တဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ ဒတ်ချ်အစိုးရအပေါ် ဖိအားတွေ တိုးလာပါတယ်။

ဒီမှာ ခိုလှုံခွင့်တောင်းသူတွေဟာ စိတ်ပျက်စရာအခြေအနေနဲ့ ကနဦးနေထိုင်နေကြရတယ်လို့ ကယ်ဆယ်ရေးစခန်းရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF)  အရေးပေါ် ညှိနှိုင်းရေးမှူး မိုနစ်နာဂဲလ်ခါကီက ပြောပါတယ်။

လတ်တလောသီတင်းပတ်တွေမှာ တဲယ်အာပဲလ်ရှိ ကြိုဆိုလက်ခံရေးစင်တာရဲ့ အပြင်ဘက်မှာ ဖြစ်သလို အိပ်စက်နေရတဲ့ ခိုလှုံခွင့်တောင်းခံထားသူ အယောက်   ၇၀၀ ကျော်ကို ရည်ညွှန်းပြောဆိုခဲ့တာပါ။

ဂေဟာအပြင်ဘက်မှာ အပူလှိုင်းနဲ့ မိုးကြိုးမုန်တိုင်းတွေအကြား ၁၁ ရက်ကြာ အိပ်စက်ခဲ့ရပြီး ဂေဟာအစောင့်ကို သွားပြောပြတိုင်းလည်း စောင့်နေရမယ်လို့ပဲ ပြန်ပြောပြီး ဖြေရှင်းမပေးဘူးလို့ အသက် ၂၅ နှစ်အရွယ် မိုဟာမက်က ပြောပြပါတယ်။ 

တဲယ်အာပဲလ်စင်တာရှိ အခြေအနေတွေဟာ လူမဆန်ပဲ ဥရောပသမဂ္ဂ ဥပဒေကို ချိုးဖောက်နေကြောင်း ဒတ်ခ်ျဒုက္ခသည်များကောင်စီက ပြောကြားခဲ့ပါတယ်။

နယ်သာလန်ရုပ်သံလိုင်း RTL သတင်းဌာနရဲ့ သတင်းပေးပို့ချက်မှာတော့ အစိုးရဟာ စင်တာရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး အခြေအနေတွေကို ပြုပြင်ဖို့နဲ့ ဒုက္ခသည်တွေ ထပ်ခေါ်ဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အမိန့်ပေးခဲ့ကြောင်း ပေါက်ကြားလာတဲ့ အစီအစဉ်ကို ကိုးကားပြီး ထုတ်ပြန်သွားပါတယ်။ 

ဒုက္ခသည်များကောင်စီက တရားစွဲဆိုမှုကို  စက်တင်ဘာ ၁၅ ရက်မှာ ကြားနာဖို့ စီစဉ်ထားပြီး အောက်တိုဘာ ၁ ရက်ကစလို့ သန့်ရှင်းတဲ့ရေ ရရှိဖို့၊ ရေချိုးခန်း၊ ကိုယ်ရေးကိုယ်တာပိုင်း၊ လုံလောက်တဲ့ အစားအစာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ အပါအဝင် ပိုကောင်းမွန်တဲ့ အခြေအနေတွေကို တောင်းဆိုထားပါတယ်။

12 mins Ago

December 23, 2019

ဆီးရီးယားဒုက္ခသည်အရေး မကိုင်တွယ်နိုင်တော့ဟု  တူရကီသမ္မတ ပြော

တူရကီအစိုးရအနေနဲ့ ဆီးရီးယားနိုင်ငံကနေ အစုလိုက်အပြုံလိုက် ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေကို မကိုင်တွယ်နိုင်တော့ဘူးလို့ တူရကီသမ္မတ တေယစ်အာဒိုဂံက ပြောကြားလိုက်ပါတယ်။ ဆီးရီးယားအနောက်မြောက်ပိုင်းမှာ ပဋိပက္ခတွေ မရပ်ဘူးဆိုရင် အဲဒီသက်ရောက်မှုကို ဥရောပနိုင်ငံတွေလည်း ခံစားရလိမ့်မယ်လို့လည်း အာဒိုဂံက သတိပေးပါတယ်။ လက်ရှိမှာ ဆီးရီးယားနဲ့ မဟာမိတ် ရုရှားတပ်ဖွဲ့တွေဟာ သူပုန်တွေရဲ့ နောက်ဆုံး ခြေကုပ်နယ်မြေ ဖြစ်တဲ့ အီဒလစ်ပြည်နယ်ကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။  ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ဟာ အီဒလစ်ပြည်နယ်ကို သူပုန်တွေဆီက ပြန်သိမ်းယူမယ်လို့ ကတိပြုထားပြီး လက်ရှိတိုက်ပွဲတွေကြောင့် အဲဒီဒေသက ဒုက္ခသည်တွေဟာ အိမ်နီးချင်း တူရကီနိုင်ငံဆီကို အစုလိုက် အပြုံလိုက် စီးဝင်လာနေတာပါ။  လက်ရှိမှာ အီဒလစ်ပြည်နယ်ကနေ တူရကီနိုင်ငံထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်ဟာ အယောက် ၈၀၀၀၀ ကျော် ရှိတယ်လို့ သမ္မတ အာဒိုဂံက ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်တဲ့ ဆုပေးပွဲ အခမ်းအနားတခုမှာ ပြောပါတယ်။ ဒါ့ကြောင့် အီဒလစ်ဒေသအရေး ဆွေးနွေးဖို့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တူရကီ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ရုရှားနိုင်ငံ မြို့တော် မော်စကိုဆီ စေလွှတ်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဆီးရီးယားပြည်တွင်းစစ်အတွင်း ရုရှားက ဆီးရီးယားသမ္မတ အာဆတ်ကို ကျောထောက်နောက်ခံပေးထားပြီး တူရကီက သူပုန်အဖွဲ့ကို ထောက်ပံ့.ပေးနေတာပါ။  တူရကီဟာ အောက်တိုဘာလက ဆီးရီးယားနိုင်ငံအတွင်းက ကာဒစ်ရှ် တိုက်ခိုက်ရေးအဖွဲ့ဆီက နယ်မြေတွေကို ကျူးကျော် သိမ်းပိုက်ထားပါတယ်။ တူရကီအစိုးရဟာ တူရကီထဲမှာ အရင်ကတည်းက လက်ခံထားရတဲ့ ဆီးရီးယား ဒုက္ခသည် ၁ သန်းကို ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ ပြန်နေရာချထားဖို့ နိုင်ငံတကာဆီက အထောက်အပံ့ရရေး ကြိုးစားနေတာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
3 years Ago
Up