close

ဒုတပ်ရင်းမှူး

close

November 10, 2022

သထုံမြို့နယ် ပစ်ခတ်မှုတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်အတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ ပြည်သူတဦးအား ဖမ်းဆီးလာတဲ့ စစ်ကောင်စီ ကားတစီးကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ကင်းလှည့်ပြီး ပြန်လာစဉ် မသင်္ကာတဲ့အတွက် တားဆီးပစ်ခတ်ရာကနေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၉) လေ့ကျင့်ရေး တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူ အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးလာတဲ့ ပြည်သူတဦးလည်း လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ကင်းလှည့်ပြီး ပြန်လာတာ၊ ဝင်းစိန်ကျေးရွာအရောက်မှာ အမဲရောင်ကားတစ်စီးကို မသင်္ကာလို့ စောင့်ကြည့်ပြီး ဝင်ရောက်ပစ်လိုက်တာ၊ ဒုတပ်ရင်းမှူး အပါအဝင် ၃ ယောက်တော့ သေသွားတယ်၊ တယောက်တော့ လွတ်သွားတယ်”လို့ သထုံမြို့နယ် (ပကဖ) တာဝန်ခံက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံကနေ သေနတ် ၃ လက်၊ ဖုန်း ၄ လုံး အပါအဝင် ကျည်ဆန်တွေနဲ့ ငွေကျပ် သိန်း ၂၀ ကျော်ကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တာပါ။

အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က အင်အား ၈၀ လောက်နဲ့ ဝင်းစိန်ကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံ နေအိမ်တွေကို တအိမ်တက်ဆင်း လိုက်လံ စစ်ဆေးတာတွေ လုပ်ဆောင်နေသလို ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမှာ သေဆုံးတဲ့ စစ်ကောင်စီ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူဟာ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာ မီးရှို့မှာ အဓိက ပါဝင်သူ ဖြစ်ပြီး တက်ကြွလှုပ်ရှားသူတွေကို မတရားဖမ်းဆီးတာအပြင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတာ၊ ကားမှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သထုံမြို့နယ်(ပကဖ)က ထုတ်ပြန်ထားပါတယ်။

9 hours Ago

September 29, 2022

ဘုရားတောင်တပ်စခန်းကုန်းတိုက်ပွဲတွင် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး ဘုရားတောင်တပ်စခန်းကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူး ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၁၃ ဦးကျဆုံးပြီး  ၁၇ ဦး ထွက်ပြေးသွားကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဌာနရဲ့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F က ထုတ်ပြန်ပါတယ်။ 

စက်တင်ဘာ ၂၈ ရက် မနက်က ဘုရားသုံးဆူမြို့အဝင်ရှိ စစ်ကောင်စီတပ်  ခလရ ၂၈၃ တပ်ရင်းတပ်စွဲထားတဲ့  ဘုရားတောင်တပ်စခန်းကုန်းကို KNLA တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်တွေနဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တပ်ဖွဲ့ဝင်တွေက ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က  ဒုတပ်ရင်းမှူးအပါအဝင် ၁၃ ဦးကျဆုံးခဲ့ပြီး ၁၇ ဦးလောက် စခန်းစွန့်ခွာထွက်ပြေးသွားကာ  MA4 ပူးတွဲ ၁ လက်၊ MA2 ၅ လက်၊ MA3 ၃ လက်၊ MA1 ၂ လက်၊ စနိုက်ပါ ၁ လက်၊ ၆၀ မမတစ်လက်၊ RPG ၁ လက်၊ ငါးကြင်းမြီးစက်လတ် ၁ လက်/နာတိုကျည် ၈၉ တောင့်၊  5.56 ကျည် ၅၁၃ တောင့်၊ ကျည်ဘောက် ၃၂ ခု သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲကြာချိန် မနက်  ၆ နာရီမှ  ၉ နာရီအထိ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး KNLA နဲ့ S.O.F တပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ကျဆုံးမရှိဘူးလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ပြန်ကြားရေး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဆုံဆည်းမြိုင်နဲ့ ဥကရစ်ထရွာအကြားမှာ စစ်ကောင်စီတပ်က ထိခိုက် လူနာတွေကို ဥကရစ်ထစခန်းသို့ပို့ဆောင်စဉ် KNLA နဲ့KNDO ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ  ၂၈ ရက်မွန်းလွဲမှာ တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ကို KNLAပူးပေါင်းဘက်က လက်နက်ငယ်နဲ့‌ရော ဒရုန်းနဲ့ပါ လက်ဦးမှုရယူတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့တင်  ၂ ဦးထက်မနည်း ကျဆုံးကြောင်း ရှေ့တန်းရောက် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဒေသတွင်းမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က သေးဆုံးတာရှိသလို ထိခိုက်ဒဏ်ရာရရှိသူတွေကို ဥကရစ်ထစခန်းဘက် ပို့ဆောင်ထားတာဖြစ်ပါတယ်။

Photo-SOF

1 month Ago
Up