close

ဒုသမ္မတ

close

August 23, 2022

အာဂျင်တီးနား ဒုသမ္မတအား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၂ ချမှတ်ရန် အစိုးရရှေ့နေ တောင်းဆို

အာဂျင်တီးနားနိုင်ငံရဲ့ သမ္မတဟောင်းနဲ့ လက်ရှိ ဒုသမ္မတလည်းဖြစ်တဲ့  ခရစ္စတီနာဖာနန်ဒတ်ဇ် ဒီကာချနာကို ပြည်သူ့အလုပ်တွေနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ဖို့ အာဂျင်တီးနား အစိုးရရှေ့နေက သြဂုတ် ၂၂ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုင်ငံတော်သမ္မတအဖြစ် သက်တမ်း နှစ်ကြိမ်အတွင်း နိုင်ငံတော်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့ဘဏ္ဍာငွေတွေလွှဲဖို့ အစီအစဥ်တခုမှာ ပါဝင်ပတ်သက်မှုတို့အတွက် အာဏာရ Peronist ပါတီရဲ့ လက်ဝဲယိမ်းအတွက် ဩဇာရှိနေဆဲဖြစ်တဲ့ ကာချနာကို အစိုးရရှေ့နေ ဒီဂိုလူစီရာနီက စွပ်စွဲခဲ့တာပါ။ 

အစိုးရရှေ့နေဟာ ကာချနာကို အစိုးရကိစ္စတွေမှာ ပါဝင်တာ တသက်လုံး ပိတ်ပင်တားမြစ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။  

ဒီအမှုနောက်ဆုံးစီရင်ချက်ချဖို့ နှစ်နဲ့ချီ ကြာမြင့်နိုင်မယ့် အထက်တရားရုံးတွေမှာ အယူခံဝင်နိုင်ပေမယ့် ပြည်တွင်းမီဒီယာတွေအရ စီရင်ချက်ကို လပိုင်းအတွင်း သိရှိမှာဖြစ်ပါတယ်။ 

စုံစမ်းစစ်ဆေးမှုမှာ  ကာချနာနဲ့ သူ့အစိုးရအဖွဲ့မှ တခြားအရာရှိတွေဟာ ပါတာဂိုးနီးရား တောင်ပိုင်းဒေသရှိ ဒါဇင်နဲ့ချီတဲ့ ပြည်သူ့လုပ်ငန်းတွေအတွက် လေလံဆွဲခြင်း လုပ်ငန်းစဉ်တွေမှာ စီးပွားရေးသမား လာဇာရိုဘေ့ဇ်ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကို မျက်နှာသာပေးမှု ရှိ မရှိ ဖော်ထုတ်ဖို့ ကြိုးပမ်းနေကြတာပါ။ 

ပညာရှင်အတော်များများကတော့ လမ်းကြောင်းပြောင်းသွားတယ်လို့ စွပ်စွဲထားတဲ့ ငွေပင်ငွေရင်း ဟာ သူတို့ကုမ္ပဏီတွေကနေတဆင့်  ကာချာနာမိသားစု လက်ထဲကို ပြန်ရောက်မလားဆိုတာကို သံသယရှိနေကြပါတယ်။ 

အာဂျင်တီးနားသမ္မတ အလ်ဘတ်တိုဖာနန်ဒတ်ဇ်ကတော့ သမ္မတဟောင်းကို တရားစီရင်ရေးအရ နှိပ်စက်ညှဉ်းပန်းမှုအဖြစ် ကြေညာချက်မှာ ဆုံးဖြတ်ထားတာကို ရှုတ်ချကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။

1 hour Ago

May 10, 2022

ဖိလစ်ပိုင်ရွေးကောက်ပွဲ ရလဒ် ပြည်သူ့ဆန္ဒအမှန် ထင်ဟပ်ရန်လိုဟု ဒုသမ္မတပြော

မနေ့က ကျင်းပခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရွေးကောက်ပွဲရဲ့ မဲရလဒ်တွေဟာ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို ထင်ဟပ်ဖို့ လိုတယ်လို့ သမ္မလောင်းလည်း ဖြစ်၊ လက်ရှိ ဒုတိယသမ္မတဖြစ်တဲ့ လီနီ ရိုဘရီဒိုက ဒီနေ့ ပြောပါတယ်။ 

မဲရလဒ်ကို တရားဝင် မကြေညာသေးပေမယ့် မဲအများစု ရေတွက်ပြီးချိန်မှာ သူ့ ပြိုင်ဖက် ဖာဒီနန် မားကို့စ် ဂျူနီယာက အနိုင်ဖို့ သေချာနေပါတယ်။ 

မဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်မှာ ဖိလစ်ပိုင်ရဲ့အာဏာရှင် ဖာဒီနန် မားကို့စ်ရဲ့ သားဖြစ်တဲ့ မားကို့စ် ဂျူနီယာက မဲ ၂၆ ဒသမ ၃ သန်း ရရှိပြီး လက်ရှိ ဒုတိယ သမ္မတက ၁၂ ဒသမ ၅ သန်း ရရှိထားပါတယ်။

အခု ရွေးကောက်ပွဲရလဒ်ဟာ ၁၉၈၆ မှာ အာဏာရှင် မားကို့စ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ဖိလစ်ပိုင်ရဲ့ ပြည်သူ့ဒီမိုကရေစီလှုပ်ရှားမှုကို သမိုင်းနောက်ကြောင်းပြန်သွားစေပြီး အရှက်ရစရာရလဒ် ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ 

ဖိလစ်ပိုင်ကို  ၁၉၆၅ ကနေ ၁၉၈၆ ခုနှစ်အထိ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ဖာဒီနန် မားကို့စ်ဟာ လူထုအုံကြွမှုနဲ့ ပြုတ်ချသွားခဲ့ပေမယ့် သူ့မိသားစုဟာ အာဏာအသိုင်းအဝိုင်းမှာ နှစ်ပေါင်းများစွာ နေရာယူထားခဲ့တာပါ။ 

သားဖြစ်တဲ့ ဘွန်းဘွန်းလို့ ခေါ်ကြတဲ့ မားကို့စ် ဂျူနီယာဟာ အုပ်ချုပ်ရေးမှူး၊ ကွန်ဂရက်အမတ်၊ ဆီးနိတ် အမတ် တာဝန်တွေကို ရွေးချယ်ခံရသလို၊ သမီးဖြစ်တဲ့ အီမီးလည်း လက်ရှိ ဆီးနိတ်အမတ်တယောက်ဖြစ်ပါတယ်။ 

မားကို့စ်ရဲ့ ဇနီး အီမယ်လ်ဒါဟာလည်း အောက်လွှတ်တော်မှာ လေးနှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာအသိုင်းအဝိုင်းမှာ  သြဇာရှိသူဖြစ်ပါတယ်။

4 months Ago
Up