close

ဒုံးကျည်စနစ်

close

November 30, 2022

ဂျာမနီကပေးသည့် 'MARS II' ဒုံးကျည်ပစ်လွှတ်သည့်စနစ် ယူကရိန်း ပြသ

ယူကရိန်း ကြည်းတပ်ဟာ တည်နေရာနဲ့ ရိုက်ကူးတဲ့ရက်စွဲ သီးခြားအတည်မပြုနိုင်တဲ့ ဂျာမနီနိုင်ငံက ပေးတဲ့ 'MARS II' ဒုံးကျည်ပစ်လွှတ်တဲ့စနစ်ကို ပြသထားတဲ့ ဗွီဒီယိုတခုကို နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ဂျာမနီနိုင်ငံဟာ မောင်းသူမဲ့ ဟော့ဝစ်ဇာ 2000 ဒါမှမဟုတ် 'MARS II' လိုမျိုး ယူကရိန်းဆီ ပေးထားတဲ့ ဂျာမန်လက်နက်တွေအတွက် ပြုပြင်တဲ့စနစ်ကိုပါ တပ်ဆင်ထားတယ်လို့ နိုဝင်ဘာ ၁၅ ရက်က ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆောင်းရာသီကို စစ်လက်နက်အဖြစ် သုံးနေတာကြောင့် နေတိုး မဟာမိတ်တွေက ယူကရိန်းအတွက် အကူအညီတွေ တိုးမြှင့်သွားမယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က နိုဝင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။ 

ဂျာမနီအစိုးရက ယူကရိန်းဆီ MARS II အများအပြား ပစ်လွှတ်တဲ့ ဒုံးပျံစနစ်ငါးခုကို ပေးအပ်ခဲ့ပြီးပြီးလို့ သူ့ရဲ့ ဝက်ဘ်ဆိုက်ကနေ ပြောထားပါတယ်။

8 mins Ago

June 2, 2022

ယူကရိန်းအတွက်ပေးထားသည့် ဒုံးကျည်စနစ် ရုရှားကို ပစ်ရန်မဟုတ်ဟု အမေရိကန်ပြော

အမေရိကန်လုပ် နောက်ဆုံးပေါ် ဒုံးကျည်စနစ်ဟာ ယူကရိန်းနိုင်ငံကို ကာကွယ်ဖို့အတွက်သာဖြစ်ပြီး ရုရှားနိုင်ငံပိုင်နက်ထဲအထိ တိုက်ခိုက်ဖို့ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဇွန် ၁ ရက်မှာ ပြောပါတယ်။

ဒါကို ယူကရိန်းဘက်က သဘောတူပြီးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောတဲ့နေ့မှာပဲ ရုရှားအစိုးရက ယူကရိန်းဘက်ကပေးတဲ့ ကတိဆိုတာ ယုံကြည်နိုင်စရာအကြောင်း မရှိဘူးလို့ တုံ့ပြန်ပါတယ်။

အမေရိကန်က နောက်ဆုံးပို့လိုက်တဲ့ ဒုံးကျည်စနစ်ဟာ အဝေးကပစ်မှတ်တွေကို တိတိကျကျ ထိအောင်ပစ်နိုင်တဲ့ စွမ်းရည်မျိုး ရှိပါတယ်။ ဒါဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းကိုပေးဖို့ ကတိပြုထားတဲ့ ဒေါ်လာ သန်း ၇၀၀ စစ်ရေးအကူအညီတွေထဲက တစိတ်တပိုင်းဖြစ်ပါတယ်။

“အမေရိကန်ကပေးလိုက်တဲ့ လက်နက်နဲ့ ရုရှားနိုင်ငံ ပိုင်နက်ထဲက ပစ်မှတ်တွေကို မပစ်ဘူးဆိုတာကို ယူကရိန်းဘက်က သဘောတူထားပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောသွားတာပါ။

ဒါပေမဲ့ ရုရှားဘက်က ဒီလိုပြောဆိုချက်ကို မယုံကြည်ဘူးလို့ ဇွန် ၁ ရက်နေ့မှာပဲ ကရင်မလင်နန်းတော်က တုံ့ပြန်ပါတယ်။

“လူတယောက်ကို ယုံကြည်ဖို့ဆိုရင် အရင်က ကတိတည်ဖူးတာမျိုး ရှိရမယ်။ ဒါပေမဲ့ ယူကရိန်းနဲ့ ပတ်သက်လာရင် ကျနော်တို့ ဒီလိုမျိုး မရှိခဲ့ဖူးဘူး” လို့ ကရင်မလင်နန်းတော် ပြောခွင့်ရသူ ဒီမိထရီ ပက်စကော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်အစိုးရဟာ ယူကရိန်းအရေးကို မီးမွှေးပေးနေတယ်လို့လည်း စွပ်စွဲပြောဆိုလိုက်ပါတယ်။

6 months Ago
Up