close

ဒုံးကျည်စမ်းသပ်မှု

close

January 30, 2023

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုနှင့် နျူးကလီးယားအစီအစဉ်ကို နေတိုးအဖွဲ့ စိုးရိမ်

မြောက်ကိုရီးယားရဲ့ မဆင်မခြင် ဒုံးကျည်စမ်းသပ်မှုနဲ့ နျူးကလီးယားလက်နက် အစီအစဉ်အတွက် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) က စိုးရိမ်နေပြီး ယူကရိန်းစစ်ပွဲဟာ အာရှအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဂျင်ကို ဇန်နဝါရီ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။

“မြောက်ကိုရီးယားက ရုရှားရဲ့ စစ်ရေးကြိုးပမ်းမှုတွေအတွက် ရော့ကဒ်နဲ့ မစ်ဇိုင်းဒုံးကျည်တွေကို စစ်ရေးအရ ပံ့ပိုးပေးနေတယ်ဆိုတာ သိပါတယ်။ ဒါက သူတို့ အပြန်အလှန် ချိတ်ဆက်ပုံကို မီးမောင်းထိုးပြနေတယ်” လို့ တွေ့ဆုံမှုအစမှာ စတော့တန်ဘာ့ဂ်က ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရက ရုရှားစစ်ပွဲအတွက် ကြိုးပမ်းမှုတွေကို စစ်ရေးအရ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ကိုးကား ပြောဆိုခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ နေတိုးပါဝင်ပတ်သက်မှုက ဥရောပရဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေကို တင်သွင်းလာလိမ့်မယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို မြောက်ကိုရီးယားနဲ့ ရုရှားတို့က ငြင်းဆိုထားပါတယ်။

စတော့တန်ဘာ့ဂ်ဟာ တနင်္ဂနွေနေ့ အစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံကို ရောက်လာခဲ့ပြီး ဂျပန်အပါအဝင် သူ့ခရီးစဉ်အတွင်း ပထမဆုံးရောက်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

သူ့ခရီးစဉ်အတွင်း ယူကရိန်းစစ်ပွဲမှာ အမေရိကန် မဟာမိတ်တွေနဲ့ ဆက်ဆံရေး ခိုင်မာစေဖို့နဲ့  တရုတ်နဲ့ ပြိုင်ဆိုင်မှု မြင့်တက်လာစေဖို့ ရည်ရွယ်ထားတယ်လို့ ရိုက်တာသတင်းဌာနက ကြေညာထားပါတယ်။

9 hours Ago

October 8, 2019

ဒုံးကျည်စမ်းသပ်မှုကိစ္စ လုံခြုံရေးကောင်စီတွင် ဆွေးနွေးသည့်အပေါ် မြောက်ကိုရီးယား သတိပေး

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ့်ကိစ္စဟာ အချုပ်အခြာကို ကာကွယ်မယ့်ဆန္ဒကို ပိုတွန်းအားပေးရာ ရောက်လိမ့်မယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ မြောက်ကိုရီးယားက ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းပစ်ဒုံးကျည်သစ်ကို ပစ်ခတ် စမ်းသပ်ခဲ့ပြီးနောက် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ အောက်တိုဘာ ၈ ရက်နေ့မှာ တံခါးပိတ် ဆွေးနွေးကြမှာပါ။  အဲဒီဆွေးနွေးပွဲကို ကျင်းပဖို့ ဗြိတိန်၊ ပြင်သစ်ရဲ့ အထောက်အပံ့နဲ့ ဂျာမနီနိုင်ငံက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သုံးနိုင်ငံရဲ့ ခြေလှမ်း နောက်ကွယ်မှာ အမေရိကန် ရှိနေတာကို ကောင်းကောင်းနားလည်တယ်လို့ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ကင်မ်ဆောင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဆွီဒင်နိုင်ငံမှာ ပြုလုပ်တဲ့  မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား နှစ်နိုင်ငံ ဆွေးနွေးပွဲဟာလည်း ပျက်သွားခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်ပြီးနောက်ပိုင်း ပထမဆုံး ဆွေးနွေးပွဲ ပြန်စတာ ဖြစ်ပါတယ်။
3 years Ago
Up