close

ဒုံးကျည်ပစ်ခတ်

close

April 28, 2023

ယူကရိန်းနိုင်ငံ အူမန်မြို့ကို ရုရှား ဒုံးကျည်ဖြင့်တိုက်ခိုက်၊ လူ ၇ ဦးထက်မနည်း သေဆုံး

ယူကရိန်းနိုင်ငံအလယ်ပိုင်း အူမန်မြို့မှာ ဧပြီ ၂၈ ရက် အစောပိုင်းက လူနေတိုက်ခန်းတခန်းကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ရာ လူ ၇ ဦးထက်မနည်း သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

“လူပေါင်း ၁၀၉ ယောက် နေထိုင်တဲ့ဘက်အခြမ်းမှာ တိုက်ခန်း ၄၆ ခန်းထဲက ၂၇ ခန်းက လုံးဝကို ပျက်စီးသွားတယ်” လို့ ပြည်ထဲရေးဝန်ကြီး အီဟော် ကလီမန်ကိုက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေဟာ အပျက်အစီးတွေအောက်မှာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပြီး မီးသတ်သမားတွေကလည်း မီးလောင်မှုဖြစ်ပွားတဲ့ နေရာတွေကို မီးငြှိမ်းသတ်ကာ ရုပ်အလောင်းအိတ်တွေကိုလည်း သယ်ဆောင်သွားကြပါတယ်။

ရုရှားဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ကနေ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို ဖြတ်ကျော်ကွေ့ဝိုက်ပြီး နိုင်ငံတဝန်းရှိ မြို့တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒါဟာ သောကြာနေ့က လူတွေ စောစောအိပ်နေကြချိန်မှာ ရုရှားက ၂ လနီးပါးအတွင်း ပထမဆုံး အကြီးစားလေကြောင်းတိုက်ခိုက်မှု လုပ်တာဖြစ်ပါတယ်။

ကိယက်ဗ်က ရုရှားတို့ သိမ်းပိုက်ထားတဲ့ နယ်မြေကို ပြန်သိမ်းပိုက်မယ့် တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ ရုရှားက မနက်အစောပိုင်း တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

12 hours Ago

March 14, 2023

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်ချိန် မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည် ပစ်ခတ်တုံ့ပြန်

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ၅ နှစ်အတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို မတ်လ ၁၃ ရက်က စတင်ခဲ့ပြီး မတ်လ ၁၄ ရက် ဒီကနေ့မနက်မှာ မြောက်ကိုရီးယားက ရေငုပ်သင်္ဘာပေါ်ကနေ ခရုဇ်ဒုံးကျည်တစင်း ပစ်ခတ်ကာ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ ပိုမိုကြီးထွားလာတဲ့အချိန်မှာ အခုလို စစ်ရေးလေ့ကျင့်မှုလုပ်တာဟာ စစ်ကြေညာ​တာဖြစ်တယ်လို့ မြောက်ကိုရီးယားက သတိပေးပြောဆိုခဲ့တဲ့အချိန်မှာပဲ အခုလို စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ ​တောင်ကိုရီးယားတို့က မတ်လ ၂၃ ရက်အထိ ၁၀ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ စစ်ရေးရန်စမှုတွေကြောင့် ပြောင်းလဲလာမယ့် လုံခြုံရေးအခြေအနေတွေကို အဓိက အာရုံစိုက်သွားမှာဖြစ်တယ်လို့ နှစ်နိုင်ငံ စစ်ဘက်ရေးရာ တာဝန်ရှိသူတွေက နိုင်ငံပိုင်မီဒီယာတွေကို ပြောဆိုထားပါတယ်။

စစ်ရေးလေ့ကျင့်မှု မစတင်ခင်က မြောက်ကိုရီးယားရဲ့ အရေးပါတဲ့ နေရာ၊ အဆောက်အဦတွေကို တိကျစွာ ပုံဖော်လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုတခုကိုလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က တောင်ကိုရီးယားက ပြုလုပ်ခဲ့ပြီး အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှု အကုန်လုံးက မြောက်ကိုရီးယားကို ကျူးကျော်ဖို့ လေ့ကျင့်နေတာသာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ရှုတ်ချပြောဆိုထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာလည်း တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေကို မြောက်ကိုရီးယားက ပစ်ခတ်တုံ့ပြန်ခဲ့ပါတယ်။

2 months Ago
Up