close

ဒူးဒဏ်ရာ

close

February 2, 2023

ဒူးဒဏ်ရာပြန်ရခဲ့သည့် ကွင်းလယ်လူ ပေါ့ဘာ ပွဲထွက်ခွင့်ရရန် အချိန်ယူရဦးမည်

ဂျူဗင်တပ်နဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒူးဒဏ်ရာ သက်သာလာခဲ့ပေမဲ့ ဒဏ်ရာပြန်ရခဲ့လို့ ပွဲထွက်ကစားဖို့ အချိန်စောင့်ဆိုင်းရဦးမယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ အခုနှစ်ရာသီအစကတည်းက ယူနိုက်တက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းဟောင်း ဂျူဗင်တပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒူးဒဏ်ရာ ခွဲစိတ်ကုသခဲ့ရလို့ ရာသီဝက်ကာလရောက်တဲ့အထိ တပွဲမှ ပါဝင်ကစားခွင့် မရရှိသေးတာပါ။

ပြီးခဲ့တဲ့တပတ်က အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပေမဲ့ သူ့ရဲ့ဒူးဒဏ်ရာက အရှင်းမပျောက်သေးဘဲ နာကျင်မှုဝေဒနာ ခံစားခဲ့ရတာပါ။

ဒီအခြေအနေကြောင့် ပေါ့ဘာအနေနဲ့ မနက်ဖြန်မှာကစားမယ့် လာဇီယိုနဲ့ ကိုပါအီတာလီယာ ပွဲစဉ်ကို ထပ်ပြီးလွဲချော်ဦးမှာ ဖြစ်ပါတယ်။

9 mins Ago

October 12, 2022

ဒူးဒဏ်ရာကြောင့် လီဗာပူးတိုက်စစ်မှူး ဒီရက်စ် ၈ ပတ်ခန့်နားရမည်

လီဗာပူးတိုက်စစ်မှူး လူးဝစ် ဒီရက်စ်ဟာ ဒူးဒဏ်ရာကြောင့် သီတင်း ၆ ပတ်ကနေ ၈  ပတ်လောက်အထိ ဘောလုံးကစားနိုင်တော့မှာမဟုတ်ဘူးလို့ နည်းပြ ဂျာဂန်ကလော့ပ်က ပြောပါတယ်။

တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ် အာဆင်နယ်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တာပါ။ ဒီဒဏ်ရာကြောင့် အသက် ၂၅ နှစ်အရွယ် ကိုလံဘီယာလက်ရွေးစင် တိုက်စစ်မှူးဟာ လာမယ့် ဒီဇင်ဘာလ မတိုင်ခင်အထိ ဘောလုံးပြန်ကစားနိုင်ဖွယ် မရှိသေးပါဘူး။

လီဗာပူးဟာအသင်းရဲ့ နောက်တန်းကစားသမားတွေဖြစ်တဲ့ အာနိုးနဲ့ မာတစ်တို့လည်း ဒဏ်ရာကိုယ်စီ ထပ်ရသွားတဲ့အတွက် ဒဏ်ရာရတဲ့ အဓိက ကစားသမားတွေ ပိုများလာပြီး ခက်ခဲတဲ့ရာသီကို ဖြတ်သန်းနေရပါတယ်။

ဒါ့အပြင် လီဗာပူးဟာ ဒီနှစ်ရာသီအစမှာ ရလဒ်တွေမကောင်းဘဲ ရုန်းကန်နေရပါတယ်။

4 months Ago
Up