ဒူးဒဏ်ရာပြန်ရခဲ့သည့် ကွင်းလယ်လူ ပေါ့ဘာ ပွဲထွက်ခွင့်ရရန် အချိန်ယူရဦးမည်

4
ဂျူဗင်တပ်နဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒူးဒဏ်ရာ သက်သာလာခဲ့ပေမဲ့ ဒဏ်ရာပြန်ရခဲ့လို့ ပွဲထွက်ကစားဖို့ အချိန်စောင့်ဆိုင်းရဦးမယ်လို့ သိရပါတယ်။
ပေါ့ဘာဟာ အခုနှစ်ရာသီအစကတည်းက ယူနိုက်တက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းဟောင်း ဂျူဗင်တပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒူးဒဏ်ရာ ခွဲစိတ်ကုသခဲ့ရလို့ ရာသီဝက်ကာလရောက်တဲ့အထိ တပွဲမှ ပါဝင်ကစားခွင့် မရရှိသေးတာပါ။
ပြီးခဲ့တဲ့တပတ်က အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပေမဲ့ သူ့ရဲ့ဒူးဒဏ်ရာက အရှင်းမပျောက်သေးဘဲ နာကျင်မှုဝေဒနာ ခံစားခဲ့ရတာပါ။
ဒီအခြေအနေကြောင့် ပေါ့ဘာအနေနဲ့ မနက်ဖြန်မှာကစားမယ့် လာဇီယိုနဲ့ ကိုပါအီတာလီယာ ပွဲစဉ်ကို ထပ်ပြီးလွဲချော်ဦးမှာ ဖြစ်ပါတယ်။