close

ဒေါက်တာ ဇော်မြင့်မောင်

close

August 7, 2021

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အိုးဘိုထောင်မှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ဇူလိုင်လ ၆ ရက် ညပိုင်းက အကျဉ်းထောင်ကနေ မန္တလေးဆေးရုံကြီးမှာ ဆေးကုသဖို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အဖမ်းမခံရခင်ကတည်းက  ဆေးပုံမှန်သွင်းနေရတဲ့ သွေးကင်ဆာဝေဒနာရှင် ဖြစ်ပြီး  အကျဉ်းထောင်ဆေးခန်းမှာ ဆေးကုသရာ မသက်သာတဲ့အတွက် မန္တလေးဆေးရုံကြီးလွှဲပြောင်းတာ ဖြစ်တယ်လို့ အကျဉ်းထောင် အသိုင်းအဝိုင်းက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး  ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) တို့နဲ့ တရားစွဲဆိုထားကာ တရားလိုနဲ့ တရားလိုပြ သက်သေတွေ စစ်ဆေးပြီးဖြစ်တာကြောင့် စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ပဲ စွဲချက်တင် ဖမ်းဆီးထားတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါဝေဒနာခံစားနေရတာကြောင့် အဖမ်းမခံရခင်က ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသမှုခံယူခဲ့ရပြီး သွေးကင်ဆာ ရောဂါအပြင် ဆီးချို၊ သွေးတိုးနဲ့ နှလုံး သွေကြောကျဉ်းရောဂါတွေလည်းရှိနေတာပါ။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီး အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာပြောထားပါတယ်။

9 mins Ago

July 3, 2020

ရခိုင်ပြည်နယ် မြို့နယ်တိုင်း ကိုယ်စားလှယ်လောင်းရရေး ကြိုးစားနေဟု ဒေါက်တာ ဇော်မြင့်မောင် ပြော

ဒေသမတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မြို့နယ်တိုင်းအတွက် ကိုယ်စားလှယ်လောင်းတွေ ရရှိဖို့ ကြိုးစားနေတယ်လို့ အန်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေကြောင့် ဒီနှစ်ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အစုံ မပြုလုပ်နိုင်မှာကို အာဏာရပါတီအပါအဝင် ဒေသခံရခိုင်ပါတီတွေကလည်း စိုးရိမ်နေခဲ့ကြတာပါ။  အာဏာရပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံ့အနှံ့ ပဏာမရွေးချယ်ပြီးဖြစ်ပေမဲ့ ရခိုင်ပြည်နယ်မှာတော့ မြို့နယ်တိုင်း ကိုယ်စားလှယ်လောင်းရရှိဖို့ စတင်ကြိုးစားနေပြီလို့ ဇူလိုင် ၂ ရက်နေ့က ပြုလုပ်တဲ့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးအပြီးမှာ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ "အခု ဒီနေ့ ဦးညီပု ဆွေးနွေးသွားပါတယ်။ ရခိုင်နဲ့ပတ်သက်ပြီး စောစောပိုင်းကတော့ ကျနော်တို့လည်း စိုးရိမ်ပါတယ်ပေါ့နော်၊ သူကိုယ်တိုင်လည်းစိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်က အေအေရဲ့ သဘောတူညီချက် မရဘဲနဲ့ ရွေးကောက်ပွဲလုပ်လို့မရဘူးတို့ ဘာတို့ ပြောတယ်။ ကျနော်တို့ ကိုယ်စားလှယ်လောင်းရဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ အခုကတော့ ကျနော်တို့ ရခိုင်မှာ ကိုယ်စားလှယ်လောင်း လျှောက်နိုင်ပါပြီ။ လျှောက်နိုင်ပါပြီဆိုတာ ကျနော်တို့ဘက်က ရခိုင်မှာရှိတဲ့ ၁၆ မြို့နယ်နဲ့တူတယ်။ အဲ့ဒီကိုယ်စားလှယ်လောင်း အကုန်လုံးရဖို့ ကျနော်တို့ ကြိုးစားနေတာ ရမယ်လို့ ယုံကြည်တယ်။"  ဇွန်လ ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်သတ်မှတ်ရာမှာ ရခိုင်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော်အတွက် ၁၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာတို့ ပါဝင်ပြီး လက်ရှိနယ်မြေမအေးချမ်းတဲ့ မောင်တောခရိုင်လည်း ပါဝင်နေတာပါ။  နယ်မြေမအေးချမ်းမှုကြောင့် အစောပိုင်းက ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်မှုတွေ မရှိသလောက်ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ လာရောက်လျှောက်ထားသူတွေ ရှိနေပြီလို့ ဆိုပါတယ်။ "စောစောပိုင်းကတော့ ကိုယ်စားလှယ်တွေက စိုးရိမ်မှုတွေရှိကြတယ်။ အခုတော့ လျှောက်ကြတယ်လို့ ပြောတယ်။ အခုလျှောက်လွှာတင်ကြတယ်ပေါ့ဗျာ၊ စောစောပိုင်းကတော့ လျှောက်လွှာတင်ဖို့ကို နည်းနည်း ခက်ခဲမလိုဖြစ်နေတယ်။ ပြီးခဲ့တဲ့စီအီးစီ အစည်းအဝေးမှာတုန်းကတည်းက၊ ဒီတစ်ခေါက်စီအီးစီအစည်းအဝေးမှာ ကျနော်တို့ သိခဲ့ရတဲ့ဟာ အရကတော့ ရခိုင်မှာ ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေ အကုန်တင်ပါပြီ။ အဲ့ဒီတော့ မြို့နယ်အစုံတင်နိုင်ပါပြီ" လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကလည်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ပြည်သူ့လွှတ်တော်မှာ ၄ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁ နေရာတို့သာ အနိုင်ရရှိခဲ့ပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
1 year Ago
Up