close

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အိုးဘိုထောင်မှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ဇူလိုင်လ ၆ ရက် ညပိုင်းက အကျဉ်းထောင်ကနေ မန္တလေးဆေးရုံကြီးမှာ ဆေးကုသဖို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အဖမ်းမခံရခင်ကတည်းက  ဆေးပုံမှန်သွင်းနေရတဲ့ သွေးကင်ဆာဝေဒနာရှင် ဖြစ်ပြီး  အကျဉ်းထောင်ဆေးခန်းမှာ ဆေးကုသရာ မသက်သာတဲ့အတွက် မန္တလေးဆေးရုံကြီးလွှဲပြောင်းတာ ဖြစ်တယ်လို့ အကျဉ်းထောင် အသိုင်းအဝိုင်းက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ဖမ်းဆီးပြီး  ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) တို့နဲ့ တရားစွဲဆိုထားကာ တရားလိုနဲ့ တရားလိုပြ သက်သေတွေ စစ်ဆေးပြီးဖြစ်တာကြောင့် စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ပဲ စွဲချက်တင် ဖမ်းဆီးထားတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါဝေဒနာခံစားနေရတာကြောင့် အဖမ်းမခံရခင်က ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသမှုခံယူခဲ့ရပြီး သွေးကင်ဆာ ရောဂါအပြင် ဆီးချို၊ သွေးတိုးနဲ့ နှလုံး သွေကြောကျဉ်းရောဂါတွေလည်းရှိနေတာပါ။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီး အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up