close

ဒွန်နက်စ်ခ်

close

November 19, 2022

ဒွန်နက်စ်ခ်တွင် တိုက်ခိုက်မှုပေါင်း ၁၀၀ ခန့်ကို ယူကရိန်းတပ်ဖွဲ့များ ချေမှုန်းခဲ့ဟု ဇလန်းစကီး ပြော

ယူကရိန်းတပ်ဖွဲ့တွေဟာ နိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ခ်ဒေသမှာ တိုက်ခိုက်မှုပေါင်း ၁၀၀ လောက်ကို ချေမှုန်းခဲ့ပြီး တိုက်ပွဲတွေမှာလည်း လက်မလျှော့ခဲ့ကြောင်း သမ္မတ ဇလန်းစကီးဟာ နိုဝင်ဘာ ၁၈ ရက်က ပြောကြားခဲ့ပါတယ်။ 

ဒွန်နက်စ်ခ်ဒေသမှာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကို စစ်ရေးအရ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပြီး ဒွန်းဘတ်စ်နယ်မြေရဲ့ ရှေ့တန်းမှာ လက်မလျှော့တမ်း တောင့်ခံတိုက်ပွဲဝင်နေတဲ့ ငါတို့ရဲ့ စစ်သည်တွေအားလုံးဟာ တကယ့်သူရဲကောင်းတွေပါပဲလို့  သူ့ရဲ့ညစဉ် ဗွီဒီယို မိန့်ခွန်းထဲမှာ ဇလန်းစကီးက ပြောပါတယ်။ 

ရုရှားဟာ ဖေဖော်ဝါရီ ကျူးကျော်ပြီးကတည်းက သိမ်းပိုက်နိုင်ခဲ့တဲ့ တခုတည်းသော မြို့တော် ဖြစ်တဲ့ ခါဆွန်အပါအဝင် ယူကရိန်းနိုင်ငံရဲ့ နီးပရိုမြစ် အနောက်ဘက်ကမ်းရှိ သူ့တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်က ဆွဲခေါ်ထုတ်သွားခဲ့ပါတယ်။ 

အကူအညီပေးရေးစခန်းတွေကို ခါဆွန်မှာ ဒီနေ့ ဖွင့်လှစ်ပေးခဲ့ကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ 

“မြို့ထဲမှာ လျှပ်စစ်ဓာတ်အား ပြန်ရရှိနေချိန်မှာ လူတွေက ဖုန်းတွေကို အားပြန်သွင်း၊ နွေးနွေးထွေးထွေး လက်ဖက်ရည်သောက်၊ ထောက်ပံ့ကူညီမှုတွေ ရယူနိုင်ပါတယ်။ အဲဒီမှာ စတားလင့် နဲ့ အလားတူ ဆက်သွယ်ရေးတွေလည်း ရနိုင်တယ်”လို့ ဆိုပါတယ်။ 

ရုရှားတွေဟာ နိုင်ငံကနေ ထွက်ပြေးမသွားခင်မှာ မြို့တော်ရဲ့ အရေးကြီး အခြေခံအဆောက်အဦ တွေကို ဖျက်ဆီးသွားခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။ 

ဒါ့အပြင် ကုလသမဂ္ဂက ကြားဝင်အကျိုးဆောင်ပေးတဲ့ ယူကရိန်း ကောက်ပဲသီးနှံတင်ပို့မှု အစီအစဉ်ကို သက်တမ်းတိုးခြင်းနဲ့ပတ်သက်ပြီး တူရကီသမ္မတ တေယစ်ပ် အာရ်ဒိုဂန်နဲ့ ဆွေးနွေးခဲ့ ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 

4 mins Ago

August 22, 2022

ဒွန်နက်စ်ခ် ဒေသဆီ ရုရှားတပ်များ ဆက်လက်သိမ်းပိုက်လာ

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာ ၆ လလောက် ရှိလာတဲ့အချိန်မှာ ရုရှားတပ်တွေဟာ လူ့ဟန့်စ်ခ်ဒေသကနေ ဒွန်းနက်စ်ခ်ဒေသဘက်ဆီကို ဖြေးဖြေးချင်း သိမ်းပိုက် ဝင်ရောက်နေပါတယ်။ 

ယူကရိန်းတပ်တွေ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ဒွန်းဘက်စ်ဒေသကြီးထဲမှာ နေထိုင်ကြတဲ့ ပြည်သူ တွေကတော့ နေ့စဉ်နဲ့အမျှ အမြောက်ဒဏ်ကို ခံရနေတယ်လို့ ပြောပါတယ်။ 

ဘက်ခ်မုဒ်မြို့မှာ နေထိုင်တဲ့ အသက် ၇၂ နှစ်ရွယ် မြို့ခံတယောက်က ဩဂုတ် ၂၁ ရက်က သူ့နေတဲ့ တိုက်ခန်အမိုးကို အမြောက်ကျည် ထိမှန်ခဲ့တယ်တဲ့အကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

အမြောက်သံမကြားရတဲ့ နေ့တွေဆိုရင်လည်း သူနဲ့ အိမ်နီးချင်းတွေဟာ ရှေ့မှာာ ဘာဖြစ်လာမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်လို့ ပြောပြပါတယ်။ 

ဘက်ခ်မုဒ်မြို့ဟာ လူ့ဟန်စ်ခ် ဒေသရဲ့ အနောက်ပိုင်းမှာ တည်ရှိပြီး  ရုရှားကတော့ လူ့ဟန့်စ်ခ် ဒေသတခုလုံးကို ဇူလိုင်လဆန်းပိုင်းကတည်းက သိမ်းနိုင်ခဲ့ပြီးလို့ ပြောပါတယ်။ 

ရုရှားတပ်တွေဟာ ဒီရက်ပိုင်း ဘက်ခ်မုဒ်မြို့ဆီကို ဆက်လက်ချီတက်နေတယ်လို့ ယူကရိန်း စစ်တပ် က ဩဂုတ် ၂၁ ရက်မှာ ပြောပါတယ်။ 

ဘက်ခ်မုဒ်မြို့ကို ရုရှားတပ်တွေ သိမ်းပိုက်နိုင်ခဲ့ရင် အရှေ့ပိုင်းကနောက်ထပ် မြို့ နှစ်မြို့ ဖြစ်တဲ့ ဆလိုဗီယက်စကီနဲ့ ကရာမာတော့စကီးမြို့တွေဆီကို ဆက်လက်ချီတက်သိမ်းပိုက်ဖွင့် လမ်းပွင့်သွား နိုင်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။။ 

3 months Ago
Up