close

ဒွန်နက်စ်ခ် ဒေသဆီ ရုရှားတပ်များ ဆက်လက်သိမ်းပိုက်လာ

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာ ၆ လလောက် ရှိလာတဲ့အချိန်မှာ ရုရှားတပ်တွေဟာ လူ့ဟန့်စ်ခ်ဒေသကနေ ဒွန်းနက်စ်ခ်ဒေသဘက်ဆီကို ဖြေးဖြေးချင်း သိမ်းပိုက် ဝင်ရောက်နေပါတယ်။ 

ယူကရိန်းတပ်တွေ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ဒွန်းဘက်စ်ဒေသကြီးထဲမှာ နေထိုင်ကြတဲ့ ပြည်သူ တွေကတော့ နေ့စဉ်နဲ့အမျှ အမြောက်ဒဏ်ကို ခံရနေတယ်လို့ ပြောပါတယ်။ 

ဘက်ခ်မုဒ်မြို့မှာ နေထိုင်တဲ့ အသက် ၇၂ နှစ်ရွယ် မြို့ခံတယောက်က ဩဂုတ် ၂၁ ရက်က သူ့နေတဲ့ တိုက်ခန်အမိုးကို အမြောက်ကျည် ထိမှန်ခဲ့တယ်တဲ့အကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

အမြောက်သံမကြားရတဲ့ နေ့တွေဆိုရင်လည်း သူနဲ့ အိမ်နီးချင်းတွေဟာ ရှေ့မှာာ ဘာဖြစ်လာမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်လို့ ပြောပြပါတယ်။ 

ဘက်ခ်မုဒ်မြို့ဟာ လူ့ဟန်စ်ခ် ဒေသရဲ့ အနောက်ပိုင်းမှာ တည်ရှိပြီး  ရုရှားကတော့ လူ့ဟန့်စ်ခ် ဒေသတခုလုံးကို ဇူလိုင်လဆန်းပိုင်းကတည်းက သိမ်းနိုင်ခဲ့ပြီးလို့ ပြောပါတယ်။ 

ရုရှားတပ်တွေဟာ ဒီရက်ပိုင်း ဘက်ခ်မုဒ်မြို့ဆီကို ဆက်လက်ချီတက်နေတယ်လို့ ယူကရိန်း စစ်တပ် က ဩဂုတ် ၂၁ ရက်မှာ ပြောပါတယ်။ 

ဘက်ခ်မုဒ်မြို့ကို ရုရှားတပ်တွေ သိမ်းပိုက်နိုင်ခဲ့ရင် အရှေ့ပိုင်းကနောက်ထပ် မြို့ နှစ်မြို့ ဖြစ်တဲ့ ဆလိုဗီယက်စကီနဲ့ ကရာမာတော့စကီးမြို့တွေဆီကို ဆက်လက်ချီတက်သိမ်းပိုက်ဖွင့် လမ်းပွင့်သွား နိုင်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။။ 

//
Up