close

ဒွန်းနက်စ်ခ်

close

July 6, 2022

ဒွန်းနက်စ်ခ်တွင် အမြောက်ကျည်ထိမှန်သဖြင့် ၁၀ နှစ်ကလေး အပါအဝင် အများအပြား သေဆုံး

ယူကရိန်းနိုင်ငံ၊ ဒွန်းနက်စ်ခ်ဒေသမှာ ဇူလိုင် ၅ ရက်က အမြောက်ကျည်ဆန်ထိမှန်ပြီး ၁၀ နှစ်အရွယ်ကလေး အပါအဝင် လူအများအပြား သေဆုံးသွားတယ်လို့ ဒေသအစိုးရအဖြစ် ကြေညာထားတဲ့ ဒွန်းနက်စ်ခ်ပြည်သူ့သမ္မတနိုင်ငံ (DPR) လက်အောက်ခံတပ်တွေက ပြောပါတယ်။

ဇူလိုင် ၅ ရက်က မြို့ရဲ့ နေရာအတော်များများမှာ ပေါက်ကွဲသံတွေကြားရပြီး ကောင်းကင်မှာလည်း မီးခိုးလုံးတွေ တက်လာတာကို တွေ့ရပါတယ်။

ရုရှားအစိုးရပိုင်မီဒီယာ TASS ကတော့ အဲဒီဒေသမှာ ဒွန်းနက်စ်ခ်နဲ့ လူ့ဟန့်စ်ခ်ဒေသ အစိုးရတွေအဖြစ် ကြေညာထားတဲ့အဖွဲ့တွေကို သစ္စာခံတဲ့တပ်ဖွဲ့ဟာ ယူကရိန်းတပ်တွေနဲ့ ရင်ဆိုင်နေတယ်လို့ ပြောပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ အထူးစစ်ဆင်ရေးဆိုပြီး ယူကရိန်းမြေပေါ် ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ လူ့ဟန့်စ်ခ်နဲ့ ဒွန်းနက်စ်ခ်ဒေသတွေကို ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးအုပ်စုတွေ လွှမ်းမိုးထားပြီး ရုရှားက ယူကရိန်းကို ပထမအကြိမ်ကျူးကျော်တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းအစိုးရတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေ ဖြစ်ပါတယ်။

12 mins Ago

June 17, 2022

ဒွန်းနက်စ်ခ်ဒေသ ကျေးရွာများကို ယူကရိန်းရဲတပ်ဖွဲ့ အကူအညီပစ္စည်းများ ဝေငှ

ယူကရိန်းရဲအရာရှိတွေဟာ တိုက်ပွဲတွေ သီတင်းပတ်ချီ ဆက်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ဒွန်းနက်စ်ခ်ဒေသ ကျေးရွာတွေက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဆီကို ဇွန် ၁၆ ရက်က အကူအညီပစ္စည်းတွေကို ဝေငှခဲ့ပါတယ်။

အကူအညီတွေ လိုအပ်နေတဲ့ ကလေးငယ်တွေ အများကြီးရှိခဲ့ပြီး ရဲတပ်ဖွဲ့က စားနပ်ရိက္ခာနဲ့ သောက်စရာတွေကို တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်လို့ အကူအညီတွေ လာဖြန့်ဖြူးပေးတဲ့ ပိုးခရို့ဗ်စ်ခ်မြို့က ရဲအရာရှိက ပြောပါတယ်။

အနီးနားရှိ မာရ်ယင်းကာမြို့လေးမှာတော့ ဒေသခံတွေဟာ မြေအောက်ခန်းတွေထဲမှာ ခိုလှုံနေကြရပြီး အဲ့ဒီကနေ အပြင်ထွက်လို့ မရကြပါဘူး။

ရဲတပ်ဖွဲ့ဟာ ဇွန် ၁၆ ရက်က ပထမဦးစွာ ပိုးခရို့ဗ်စ်ခ်မြို့နဲ့ နောက်ပိုင်း ဒီနီပရိုမြို့ဆီသွားပြီးတော့ မြို့ခံအုပ်စုတွေကို ကယ်ထုတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

မြို့ခံအများအပြားကတော့ ကျန်နေတဲ့ သူတို့ပိုင်ဆိုင်မှုတွေကြောင့် ထွက်မသွားချင်ကြပေမဲ့ ထွက်သွားချင်သူတိုင်းကို ကူညီပေးသွားမယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

မေလတုန်းက ကိယက်ဗ်မြို့ ဆင်ခြေဖုံးတွေကနေ မောင်းထုတ်ခံခဲ့ရတဲ့ ရုရှားတပ်ဖွဲ့တွေဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်းမှာ ယူကရိန်းအရှေ့ဘက်က စက်မှုနယ်မြေ ဒွန်းဘက်စ်ဒေသတခုလုံးကို သိမ်းပိုက်ဖို့ လုပ်ဆောင်နေပြီး လက်ရှိမှာ အပျက်အစီးတွေ အများကြီး ကြုံနေရပါတယ်။

3 weeks Ago
Up