close

ဒွန်းနက်စ်ဒေသ

close

January 3, 2023

ဒွန်းနက်စ်ဒေသတွင် ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရသဖြင့် ရုရှားစစ်သား ၆၀ ကျော် သေဆုံး

ယူကရိန်းနိုင်ငံ၊ ဒွန်းနက်စ်ပြည်နယ်အတွင်း ရုရှားထိန်းချုပ်ရာဒေသထဲက ရပ်ကွက်တွေကို နှစ်သစ်ကူးအကြိုနေ့မှာ ယူကရိန်းက တိုက်ခိုက်ခဲ့လို့ ရုရှားစစ်သား ၆၃ ဦး သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။

HIMARS ဒုံးကျည် ၆ စင်း ပစ်ခတ်ခဲ့ပြီး အဲဒီထဲက ၄ စင်းက ယာယီတပ်စွဲထားရာ နေရာ တခုအဖြစ် သတ်မှတ်ထားတဲ့ အဆောက်အအုံကို ထိမှန်ခဲ့ကာ တခြားဒုံးကျည်တွေက ပျက်စီးသွားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်ဂေါ ကိုနာရှန်ကို့ဗ်က ပြောပါတယ်။ 

ဒေသတွင်းမြို့တော် ဒွန်းနက်စ်ရဲ့ အမြွှာမြို့ဖြစ်တဲ့ မာခီးဗ်ခါမှာတော့ အသက်မွေးဝမ်းကျောင်း ကောလိပ်တစ်ခုလို့ ရည်ညွှန်းထားတဲ့ အဆောက်အအုံတစ်ခု မီးခိုးငွေ့တွေကြားမှာ ပြိုကျ ပျက်စီး သွားပါတယ်။

ရုရှားနိုင်ငံသား ၄၀၀ လောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းက ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး အပျက်အစီးတွေကို ရှင်းလင်းနေဆဲလို့ ရုရှားစစ်ပွဲလိုလားသူ စစ်ဘက်ဆိုင်ရာ ဘလော့ဂါတစ်ဦးက ပြောခဲ့သလို အဆောက်အအုံထဲမှာ လူပေါင်း ၆၀၀ လောက်ရှိပြီး ခဲယမ်းမီးကျောက်တွေကို စက်ရုံတစ်ခုတည်း မှာ သိမ်းဆည်းထားတယ်လို့လည်း ပြောပါတယ်။

မောင်းသူမဲ့တိုက်ခိုက်ရေးဒရုန်းတွေထုတ်လုပ်နေတဲ့ ယူကရိန်းရဲ့ စစ်ဘက် စက်မှုဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့လက်နက်တွေ သုံးပြီး ဒီဇင်ဘာ ၃၁ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း  ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေက တိုက်ခိုက်ရေးဒရုန်းတွေ ထုတ်လုပ်မှုကို နှောင့်ယှက်ခဲ့ပြီး ဒရုန်းတွေ ပစ်လွှတ်တဲ့ နေရာတွေကို ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားနိုင်ငံဟာ ဒီဇင်ဘာ ၃၁ ရက်က ၂၄ နာရီအတွင်း ယူကရိန်းနိုင်ငံတဝန်း ဒုံးကျည် ၃၁ ကြိမ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

အီရန်လုပ် ရှဟိဒ်ဒရုန်း ၄၅ စင်းကို ဒီဇင်ဘာ ၃၁ နှောင်းပိုင်းမှာ ၁၃ စီးနဲ့ ဇန်နဝါရီ ၁ ရက် ညသန်းခေါင်ကျော်ချိန်မှာ ၃၂ စင်းစီ အသီးသီး ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်း လေတပ် ကွပ်ကဲရေးရုံးက ပြောပါတယ်။

3 hours Ago

March 23, 2022

ရုရှားစစ်တပ် တိုက်ခိုက်ခဲ့သည့် ဒွန်းနက်စ်ဒေသ ပျက်စီးမှုများ ယူကရိန်းစစ်တပ် ပြသ

ယူကရိန်းအရှေ့ဘက် ဒွန်းနက်စ်ဒေသရှိ မာရင်ကာမြို့ကို ရုရှားတို့ တိုက်ခိုက်ပြီးနောက် လူနေအိမ် အများအပြား ပျက်စီးနေတာကို ယူကရိန်းစစ်တပ်က ကားနဲ့ဖြတ်သွားရင်း ရိုက်ပြထားပါတယ်။

ယူကရိန်း စစ်သားတဦးက “ရန်သူတွေဟာ မြို့မှာ အရပ်သား အတော်များများ ရှိနေတာကို သိရက်နဲ့ လက်နက်မျိုးစုံသုံးပြီး ပစ်ခတ်တယ်။ ယူကရိန်းစစ်တပ်ကို သူတို့ လွယ်လွယ်ကူကူ မနိုင်နိုင်တော့ လူနေအိမ်တွေ လိုက်ဖျက်ဆီးနေတယ်။ ကျနော်တို့က လူစိတ်ရှိသူတွေ၊ ယဉ်ကျေးတဲ့ ဥရောပသားတွေ၊ ရုရှားနဲ့မတူဘူး” လို့ ပြောပါတယ်။

မာရင်ကာမြို့ရဲ့ အစိတ်အပိုင်းအချို့ကို ၂၀၁၄ ခုနှစ်ကတည်းက ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

10 months Ago
Up